Part_7
"အာ.......ကေကေ့ဆရာက တကယ့်ကို ချစ်စရာကြီး "
"လာ အဲ့ဒါဆိုရင် သွားမယ် "
"ဆိုင်ကယ်ပေါ်ချီသွား "
ဆရာဦးလရောင်မင်းသော်ခ သည် ဘာစကားမျှမပြောဘဲ ကေကေအား ပွေ့ချီ၍ ဆိုင်ကယ်ပေါ်သို့ တင်ပေးလိုက်သည် ။ ကေကေသည် ဆရာ့ခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ကျောင်းသို့ ပျော်ရွှင်စွာ သွားလေသည် ။
"ကဲ မယ်မင်းကြီးမ ရောက်ပြီ ဆင်းတော့ "
"ဟုတ် "
"ဟုတ် မနေနဲ့ စာကို သေချာကြိုးစားနော် "
"စိတ်ချပါ ဆရာရယ် ဆရာသာ လက်ဆောင်ပေးဖို့ပြင်ထား "
ကျောင်းထဲသို့ ပျော်ရွှင်စွာ ခုန်ပေါက်ပြေးသွားသော ကေကေအား ကြည့်၍ ဆရာဦးလရောင်မင်းသော်ခ သက်ပြင်းချနေမိသည်။
'ဪ ဒီလောက် ချစ်ဖို့ကောင်းတဲ့ကလေးလေးကို
ငါဘယ်လိုစိတ်နဲ့ မချစ်မိအောင် နေရမှာလဲ
ဘာပဲဖြစ်ဖြစ် ငါက လူကြီးပဲလေ
သူ့ဘဝလေး ကို အကောင်းဆုံးဖြစ်အောင်
ငါ လမ်းညွှန်မှုပေးရမှာပေါ့•••••'ဟု တွေးရင် ဆရာ ပြုံးလိုက်သည် ။ဆရာဦးခ သည် နောက်မနက် စာသင်ခန်းထဲသို့ ဝင်သည်နှင့် ကေကေအား ပထမဆုံး ကြည့်လိုက်သည် ။ သနပ်ခါးလေးကို မညီမညာလိမ်းထားကာ ဘာခြယ်သမှုမှမရှိသော ကေကေ့၏ မျက်နှာလေးကိုမြင်၍ အမောပြေသွားသည်။
ကေကေသည် ကလေးဆန်၍ ချစ်စရာကောင်းသော မျက်နှာဝိုင်းလေးကို ပိုင်ဆိုင်ထားသည်။ ပါဖောင်းဖောင်းလေးနှင့်အတူ မျက်လုံးမှေးမှေးလေးတို့က ကေကေ့အား ပို၍ ချစ်စရာကောင်းစေသည်။ ဘာပကာသနမှ မရှိဘဲနေတတ်သော ကေကေ့၏ ဖြူစင်မှုများသည် ဆရာဦးခ အား အေးမြစေသည် ။ ရိုးသား၍ ပွင့်ပွင့်လင်းလင်း ပြောတတ်သော ကေကေ အရှိကို အရှိတိုင်း ပြောဆို၍ ဆရာဦးခ၏ အပေါ်တွင် မြတ်မြတ်နိုးနိုး ချစ်သော ကေကေသည် ဆရာဦးခ၏ နှလုံးသားထဲတွင် နေရာယူနေလေပြီ ။
ဆရာဦးခ သည် စာသင်နေသော အချိန်အတွင်း ကေကေ့ထံမှ အကြည့်ခွာရန် အတော်ပင် ကြိုးစားရသည်။ ကေကေကတော့ ဆရာ့စကားကို နားထောင်ရင်း စာကို သေချာ ကြိုးစားသင်ယူနေသည်။
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်