Part _ 4
" ကေကေ ဘာဖြစ်တာလဲ မျက်နှာကြီးကို ရဲလို့ပါလား "
" ဟို ဟို ဟို လေ ဘာမှ မဖြစ်ပါဘူး "
" ကိုဖြိုးဖက်နမ်းသွားလို့ ဖြစ်မှာပေါ့ မီမီ ရယ် "
"ဟုတ်မယ် ယမင်းရေ အဲ့ဒါကြောင့် ကလေး ရှက်နေတာနေမယ် "
ကေကေမှာ ဆရာအား စာမှားပေးမိသည်ကို ရှက်နေသည့်ကြားက သူငယ်ချင်းများ ဝိုင်းစသောကြောင့် ပို၍ ရှက်လာသည် ။ ထို့ကြောင့် ရှက်ကိုးရှက်ကန်းဖြင့် အခန်းပြင်သို့ ပြေးထွက်သွားသည် ။ ကေကေ၏ မျက်လုံးများ ဝေဝါးလာသည်။
"ဒုတ် "
"အား "
ရှက်ရှက်နှင့် ပြေးထွက်လာသော ကေကေသည် အခန်းဝတွင် တစ်စုံတစ်ယောက်နှင့်တိုက်မိသည် ။ ကေကေရုန်းထမည် ကြိုးစားနေဆဲ ထိုသူ၏ ရင်ခွင်ထဲသို့ ရောက်သွားသည် ။ ကေကေသည် တဖြည်းဖြည်း မော့၍ ကြည့်လိုက်သည် ။
" ဆရာ "
တိုးညင်းသော စကားသံ၏ နောက်ကွယ်တွင် ရင်ခုန်သံတို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။ ကေကေသည် မျက်လုံးလေးများစင်းကာ ခဏတာငြိမ်သက်နေသည် ။ စက္ကန့် (၃၀)ခန့်ကြာသောအခါ သတိဝင်လာ၍ ဆရာ့ရင်ခွင်မှ ရုန်းထွက်လိုက်သည် ။
" ကန်တော့နော် ဆရာ သမီး မမြင်လိုက်လို့ "
"ရပါတယ် ဆရာလည်း မမြင်လိုက်လို့ပါ "
"သမီး ရင်ခုန်သံကိုတော့ ကြားလိုက်တယ် မဟုတ်လား "
"ဘာပြောလိုက်တာလဲ မီးမီး "
"ဟီးဟီး စတာ စတာ သွားတော့မယ် ဆရာ "
ကေကေသည် သန့်စင်ခန်းဘက်ကို အရှက်ပြေထွက်သွားသည် ။ ဆရာ ဦးလရောင်မင်းသော်ခ ကတော့ အတန်းရှေ့တွင် ကြောင်၍ ရပ်နေပြီး ခဏကြာမှ အတန်းထဲသို့ ဝင်သွားသည် ။
ထိုမနက် စာသင်ချိန် တစ်ချိန်လုံး ကေကေသည် ဆရာ့၏ မျက်ဝန်းများကိုသာ ငေးမောနေတော့သည်။ ဆရာ ဦးလရောင်မင်းသော်ခသည်လည်း ကေကေ့ထံသို့ မျက်လုံးများဝေ့ကာ မကြာခဏ ကြည့်နေတတ်သည် ။ထိုတစ်နေ့လုံး ကေကေမှာ ရင်ခုန်နေတော့သည် ။
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်