Part _ 12
"ဟာ ဆရာ က ရယ်တယ်ပေါ့ "
ကေကေသည် ပြောပြောဆိုဆိုပင် ဆရာဦးခအား ဗိုက်ခေါက်လိမ်ဆွဲလိုက်သည် ။ ထို့နောက် ခြေထောက်ဆောင့်ပြီး လူးလိမ့်နေတော့သည် ။
" ဟော သမီး ကလေးလည်း မဟုတ်ဘဲ ဘာလို့ ကောက်ကျစ်နေတာလဲ ဒါနဲ့ပဲ လင်က လိုချင်သေးတယ် "
"ဖေဖေကလည်း သမီး က သမီး ဆိုးသမျှ သည်းခံမယ့်လင်မျိုးကို ရွေးထားတာပါနော် "
"ကဲ မောင်လရောင် ရေ သူက မင်းကို ချစ်လို့ မဟုတ်ဘူး အလိုလိုက်လို့ ရွေးထားတာ ကြည့်လုပ်ကိုယ့်လူရေ "
"ကလေး က ငယ်သေးလို့ပါ အန်ကယ်ရယ် သူက ကျွန်တော့်ကို တအားချစ်တာ ကျွန်တော်သိတာပေါ့ သူချစ်လို့သာ ဆိုးနေတာပါ "
"မပြောတော့ဘူးဟေ့ လိုက်လည်းလိုက်တဲ့ဟာတွေ မင်းတို့ အဆင်ပြေရင်ပြီးတာပဲ "
"ကဲ သမီးရေ မေမေတို့ စိုက်ခင်းထဲ ဆင်းအုံးမယ် အလုပ်သမားတွေချည်းထားခဲ့ရတာ စိတ်မချဘူး "
"ဟုတ် မေမေ "
ကေကေ့၏ အဖေနှင့်အမေသည် စိုက်ခင်းထဲသို့ သွားသည် ။ ကေကေတို့ မိဘများသည် စိုက်ပျိုးရေး ဝါသနာပါ၍ သီးနှံမျိုးစုံကို စိုက်ခင်းများဖြင့် စိုက်ထားသည် ။ ကေကေသည် ပန်းကလေးများအား ချစ်မြတ်နိုးသူဖြစ်၍ ခြံထဲတွင် ပန်းကလေးများအား ဂရုတစိုက် စိုက်ပျိုးထားသည် ။
မိုးရာသီဖြစ်၍ ကောင်းကင်တစ်ခွင်တွင် မိုးသားများ အုံ့မှိုင်းလျက်ရှိသည် ။ သိပ်မကြာခင် လေအေးများ တိုက်လာ၍ မိုးများ သည်းထန်စွာရွာလာသည် ။ ကေကေသည် ဆရာဦးလရောင်မင်းသော်ခ နှင့် စကားပြောရင်း အိပ်ငိုက်လာသည် ။
"ကလေးလေး အိပ်ချင်လို့လား "
"ဟုတ် "
"ကဲ လာ ဆရာ့ရင်ခွင်ထဲ ဆရာ ချီထားပေးမယ် "
ကေကေသည် ဆရာ့ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝင်၍ ခွေခွေလေး အိပ်နေလိုက်သည်။ ဆရာဦးလရောင်မင်းသော်ခသည် ကေကေအား ကြင်ကြင်နာနာ ထွေးပွေ့ထားသည် ။ ကေကေသည် ဆရာ့ရင်ခွင်ထဲတွင် မျက်လုံးများစင်းကာ တဖြည်းဖြည်း အိပ်ပျော်သွားသည် ။ ဆရာဦးလရောင်မင်းသော်ခသည် မိမိရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကေကေအား ကြည့်၍ နဖူးလေးအား မြတ်မြတ်နိုးနိုး နမ်းလိုက်သည် ။
YOU ARE READING
ကြယ်ကလေးရဲ့ချစ်ပုံပြင်
Romanceအသားညိုညို အရပ်ရှည်ရှည် ရင်အုပ်ကျယ်ကျယ်တို့က ဦးခ၏ ကိုယ်ခန္ဓာ အလှအား ပေါ်လွင်စေသကဲ့သို့ မျက်ခုံးထူထူ မျက်လုံး တောက်တောက်နဲ့ မျက်ဝန်းကြည်ကြည်တို့က ဦးခ၏ မျက်ဝန်းအား ခန့်ညားစေလေသည်