Part (15)

1.4K 30 0
                                    

Part _15

ကေကေသည် ဆရာ ကျောင်းသို့သွားသော နေ့လယ်ခင်းများတွင် ခြံထဲရှိ ပန်းပင်ကလေးများနှင့် အချိန်ကုန်နေတတ်သည် ။ ဆရာဦးလရောင်မင်းသော်ခသည် ပန်းကလေးများကို ချစ်မြတ်နိုးသော ဇနီးလေးအတွက် ခြံထဲတွင် ပန်းမျိုးစုံအား စိုက်ပျိုးထားပေးသည် ။ ထိုပန်းပင်ကလေးများ၏ အလယ်တွင် ကေကေစာထိုင်ဖတ်ရန် အတွက် ထိုင်ခုံလေးအား ပြုလုပ်ထားပေးသည် ။

ဆရာဦးလရောင်မင်းသော်ခသည် စာဖတ်ဝါသနာပါသော ဇနီးလေး၏ စိတ်ထားကို ကောင်းကောင်းသိသူဖြစ်၍ ကေကေ့အတွက် စာအုပ်များကို သူကိုယ်တိုင် ရွေးဝယ်ပေးတတ်သည် ။ ကေကေ အပျင်းပြေဖတ်ရန် အတွက် ဝတ္ထုစာအုပ် ၊ ကဗျာစာအုပ်များ ဝယ်ထားပေးသကဲ့သို့ ကေကေ့အား ရင့်ကျက်သန်မာစေရန် စိတ်ဓာတ်ခွန်အားဖြစ်စေသော စာအုပ်များလည်း များစွာဝယ်ထားပေသည် ။

ထိုကဲ့သို စာအုပ်စာပေများ၏ အကျိုးကျေးဇူးကြောင့် ကေကေသည် ကလေးဆန်ရာမှ တဖြည်းဖြည်း ရင့်ကျက်လာသည် ။ ကေကေသည် ယခင်က ဆရာဦးလရောင်မင်းသော်ခ အပေါ်တွင် ချွဲရန်သာ သိသော်လည်း ယခုအခါတွင်မူ လူကြီးဆန်ဆန် တွေးတတ်နေလေပြီ ။

"ဆရာဦးခ ဒီနေ့ ဘာဟင်းချက်လဲ "

"ဒီနေ့ ကြက်စပ် နဲ့ ချဉ်ဟင်း "

"ဆရာဦးခ က ဘာဟင်းပဲထည့်လာထည့်လာ စားလို့ကောင်းပြီးသား ဆရာ့ဇနီးချောလေးက ဟင်းချက်တော်တယ်နော် "

"ဟုတ်ပါ့ တို့က အစက ဆရာဦးခကတော့ ကလေးကိုယူထားလို့ တစ်သက်လုံး အလိုလိုက်ပေးရလွန်းလို့ စိတ်ညစ်ရမယ်ထင်တာ ဆရာ့ဇနီးချောလေးက အသက်သာငယ်တာ တအားတော်တာပဲနော် အရင်က သူ့ကို ကလေးဆိုပြီး အထင်သေးမိတာ ခု ကိုယ့်ဘာသာ ပြန်ရှက်မိတယ် "

"ကျွန်တော့်ဇနီးလေးကို ခုလို ဝိုင်းချီးကျူးပေးလို့ ကျေးဇူးပါပဲဗျာ "

နေ့လယ်ထမင်းဝိုင်းတွင် ကျောင်းရှိ ဆရာ ၊ ဆရာမများထံမှ ဆရာဦးလရောင်မင်းသော်ခ ကြားနေကျစကားသံများ ဖြစ်ပေသည်။ ကြယ်စင်ကေသရီသည် ဆရာဦးလရောင်မင်းသော်ခ၏ ဇနီးကောင်းတစ်ယောက်အဖြစ် ပတ်ဝန်းကျင်ကပင် ဝိုင်း၍ ချီးကျူးရလောက်သည်အထိ ပြောင်းလဲလာသည် ။ ဆရာဦးလရောင်မင်းသော်ခသည် ကေကေ၏ စာဖတ်ဝါသနာပါသော စိတ်မှတစ်ဆင့် ကေကေ့အား ကောင်းကောင်း လမ်းညွှန်မှု ပေးနိုင်ခဲ့လေသည်။

ကြယ်ကလေးရဲ့ချစ်ပုံပြင်Where stories live. Discover now