Part (13)

1.3K 32 0
                                    

Part _ 13

"ဟာ ကလေးလေး ဘာလို့ ထုရိုက်နေတာလဲ "

"ဆရာ ထားခဲ့မှာ စိုးလို့လေ "

"ဟောဗျာ အဲ့လို ထုရိုက်ရင် မထားခဲ့တော့ဘူးလား "

"အဲ့ဒါမှ ကလေး ကို ကြောက်ပြီး မထားခဲ့ရဲတော့မှာလေ "

"လူလည်မလေး ရိုက်တာတောင် အကြောင်းပြချက် ပေးနေသေးတယ် "

"ဟီးဟီး ဆရာ နဲ့ တူတာ "

ဆရာ နှင့် ကေကေတို့သည် အဆင်ပြေသွားပြီးနောက် ရယ်မောပျော်ရွှင်ရင်း ကေကေ့အိမ်သို့ ပြန်သွားကြသည်။လူကြီးလူကောင်းဆန်၍ နားလည်သည်းခံတတ်သော ဆရာဦးလရောင်မင်းသော်ခ ကို ကေကေ့မိဘများက သဘောကျ သကဲ့သို့ ကလေးဆန်၍ ရိုးရိုးရှင်းရှင်း နေတတ်သော ကြယ်စင်ကေသရီ ကို ဆရာ့မိဘများက အလွန်ချစ်သည် ။ ထိုကဲ့သို နှစ်ဖက်သောမိဘတို့က ကြည်ကြည်ဖြူဖြူ ရှိသောကြောင့် ဆရာ နဲ့ ကေကေတို့အား စေ့စပ်ကြောင်းလမ်း၍ လက်ထပ်စေခဲ့သည် ။

မင်္ဂလာခန်းမထဲတွင် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ကာ ခြယ်သပြင်ဆင်ထားသော သတို ့သမီးလေးသည် နတ်သမီးလေး ကဲ့သို့ လှပနေသည် ။ နှင်းဆီဖူးကဲ့သို့ လှပသော နှုတ်ခမ်းဖူးဖူးလေးများကို နှုတ်ခမ်းနီ ရဲရဲလေး ဆိုးထားသော ကေကေ့၏ နှုတ်ခမ်းလေးသည် အသဲယားဖွယ်ကောင်းအောင် လှပပေသည် ။ မျက်ခွံပိတ်ပိတ် နှင့် ပါးဖောင်းဖောင်းလေးများကို သေချာခြယ်သ ပြင်ဆင်လိုက်သောအခါ ကေကေသည် ကလေးလေးတစ်ယောက်ပမာ အလွန်ပင် ချစ်စရာကောင်းလေတော့သည် ။

ဆရာဦးလရောင်မင်းသော်ခသည် အလွန်ခန့်ညားသော အမျိုးသားတစ်ဉီး ဖြစ်လေရာ ကေကနှင့် အလွန်ပင်လိုက်ဖက်နေတော့သည် ။

ကေကေ့၏ မျက်ဝန်းတွင် အလွန်ကျေနပ်ပျော်ရွှင်နေသော အရိပ်အရောင်များ ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေသည် ။ အသက် (၁၅)နှစ်သာသာ ငယ်စဉ်အခါကတည်းက ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်ခဲ့ရသော အမျိုးသားလေး ကို ထာ၀ရပိုင်ဆိုင်ရတော့မည် ဟူသော ခံစားမှုလေးသည် ကေကေ့အား ပျော်မဆုံးနိုင်အောင် ဖြစ်စေသည် ။

ထို့အတူ ဆရာဦးလရောင်မင်းသော်ခသည်လည်း ကလေးလေးကဲ့သို့ သူ အရိပ်တကြည့်ကြည့် နဲ့ ကြင်နာယုယခဲ့ရသော  ကလေးငယ်လေးအား ထာ၀ရ ပိုင်ဆိုင်ရတော့မည် ဟူသော အတွေးဖြင့် အလွန်ပျော်ရွှင်နေလေသည် ။ ဆရာ နှင့် ကေကေတို့သည် အမှတ်တရဓာတ်ပုံများ ရိုက်ကြသည် ။ ပြုံးပျော်ကြည်နူးနေကြသော သတို ့သား နှင့် သတို ့သမီး ကို ကြည့်ကာ လိုက်ဖက်သည် ဆိုသော စကားသံများမှာ နားနှင့်မဆံ့အောင်ပင် ကြားနေကြရသည် ။မင်္ဂလာပွဲပြီးသောအခါ နှစ်ဖက်သောမိဘတို့အား ကန်တော့ကြသည် ။

ကြယ်ကလေးရဲ့ချစ်ပုံပြင်Where stories live. Discover now