-One More Night-

10.7K 233 62
                                    

Unicode ✅

-One More Night-

ဒီနေ့က Ryan ရဲ့မွေးနေ့ဆိုတော့ သူငယ်ချင်းတွေနဲ့အတူ Club တက်ဖို့ Ryan တစ်ယောက်ပြင်ဆင်နေလေရဲ့။ Ryan ရဲ့ အိမ်ကစည်းကမ်းတင်းကျပ်တဲ့ လူချမ်းသာအသိုင်းအဝိုင်းဆိုပေမဲ့ Ryan ကအိမ်တော်ကြီးရဲ့ တစ်ဦးတည်းသော အမွေးဆက်ခံသူဖြစ်တာကြောင့် Ryan ကအိမ်ကြီးသခင်ဆိုလည်းမမှားပေ။

“Ryan ကြာတယ်ကွာ”

“အခုထွက်လာပြီ မင်းတို့ခြံရှေ့မှာဘဲစောင့်နေကြ”

“ကောင်းပြီ Ryan”

တစ်ဖက်ကသူငယ်ချင်းလုပ်သူဖုန်းချသွားတော့ Ryan တစ်ယောက် လက်ထဲကဖုန်းကို ဖြစ်သလိုဘောင်းဘီအိတ်ကပ်ထဲကောက်ထည့်ပြီး အဖိုးလုပ်သူရဲ့စာကြည့်အခန်းသို့ဝင်သွားလေရဲ့။

“Grandpa”

အဖိုးလုပ်သူအား အနောက်‌ကနေသိုင်းဖက်လို့ ကပ်ချွဲလာတဲ့ Ryan ကြောင့် အဖိုးကသဘောတကျပြုံးပြီး Ryan ကျောပြင်အား ခပ်ဖွဖွပုတ်ပေးလေသည်။

“အဖိုး Ryan Club တက်မယ်”

“မွေးနေ့ပါတီကမနက်ဖြန်မှလုပ်မှာလားမြေး”

“Yep ဒီနေ့တော့ သူငယ်ချင်းတွေကို အချိန်ပေးချင်တယ် မနက်ဖြန်ကိုတော့ အဖိုးကြိုက်သလိုစီစဉ်လို့ရတယ်”

“ကောင်းပြီလေ ဒါဆို မနက်ဖြန် ညနေအမှီ အိမ်ကြီးကိုအရောက်နော် မြေး”

“စိတ်ချ”

Ryan ကခေါင်းတစ်ချက်ညိတ်ပြပြီး အိမ်ကြီးထဲကနေထွက်လာကာ ခြံရှေ့ကသူငယ်ချင်းတွေကားပေါ် ကောက်တက်လေရဲ့။ နောက်တော့ သူတို့ဦးတည်ရာဖြစ်တဲ့ Club ကိုလူစုံတက်စုံထွက်ခွာကြလေ၏။

“Damm Ryan ငါမင်းကိုအခုမှသေချာကြည့်မိတယ် မင်းဒီနေ့သောက်ရမ်းလှနေတယ်”

Khali ရဲ့အပြောကြောင့် Ryan ကခပ်ယေးယေးပြုံးပြီး

“ဝင်ကြမယ် ဒီညတော့ Non Stop ဘဲ”

“Ok Let's go”

Ryan တို့အဖွဲ့ Club ထဲဝင်လိုက်ကတည်းက အားလုံးရဲ့အကြည့်တွေက Ryan ဆီမှာပင်။ အားလုံးထဲမှာမှ အထင်ပေါ်ဆုံးဖြစ်နေတဲ့ Ryan ကတော့ ဘယ်သူကိုမှဂရုစိုက်ဟန်မပေါ် မျက်နှာထားခပ်တည်တည်နှင့် သူတို့ကြိုစီစဉ်ခိုင်းတဲ့ဝိုင်းထက်ဝင်ထိုင်လေရဲ့။

𝗢𝗖 𝗪𝗮𝗿𝗻𝗶𝗻𝗴 𝗕𝗼𝗼𝗸 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻 ✓Where stories live. Discover now