Ep-2

269 26 1
                                    

Everyday boom boom
Neo ttaemune bumbum
Neon nareul
Hit me, hit me, hit me
Hit me, hit me, hit me
Hiteuchyeo come on

"Soonyoung , Hyung ဘာလို့ခုတလောငြိမ်နေရတာလဲ၊ ဘာလဲ ကောင်မလေးတွေ့နေပြီလား?"

"အာ ဘယ်ကသာ ငါခုတလော ငြိမ်မှရမယ် ဒီနေ့မင်းနဲ့လာတာတောင် ခိုးထွက်ရတာ၊ အရင်တစ်ခေါက်စာမေးပွဲတုန်းက အဆင့်တွေကျလို့ ထပ်ကျရင် အဖေက ငါ့ကိုအိမ်ပေါ်ကနှင်ချတော့မှာကွ"

"ဪ"

"Hi, ဒီမှာထိုင်မယ်နော်၊ ရတယ်မလား"

တစ်ခါမှတောင်မမြင်ဖူးတဲ့လူတစ်ယောက်မို့လို့ Hansol က စကားပြန်မပြောပေမယ့် သွက်သွက်လက်လက်ရှိတဲ့ Soonyoung ကတော့ပြန်ဖြေလိုက်တာမှ သွက်လို့။

"ဪ၊ရတယ်ဗျ ထိုင်ပါ"

လူကိုကြည့်လိုက်တော့အရပ်ရှည်ရှည် ရုပ်‌ရည်ဆိုတာကလည်း မိန်းကလေးတိုင်း ကြွေရတယ့်ရုပ်မျိုးနဲ့ ၊ သူ့ကိုမြင်ဖူးသလိုပဲ။

"ဒါနဲ့ ကျွန်တော်တို့တွေ့ဖူးလား"
Hansol ကမေးလိုက်တော့ ဟိုကလူက အံ့ဩတဲ့ရုပ်နဲ့
"Ah Hansol က မသိဘူးလား။ Hyung ကသိတယ်ထင်နေတာ။ တစ်ခါတည်းမိတ်ဆက်လိုက်ပါမယ် အဲ့တာဆိုလည်း Hyung က Hansolတို့ကျောင်းကပဲလေ မင်းကိုတော့ ကျောင်းမှာ နာမည်ကြီးလို့သိနေတာ၊Hyungက Mingyu ပါ၊တွေ့ရတာဝမ်းသာပါတယ်။"

‌ဪ လက်စသတ်တော့ ကျောင်းမှာ play boy လို့နာမည်ကြီးနေတဲ့ Mingyu Sunbae ကိုး။
"အာ Hansol ပါ"
"Hi ၊ Soonyoung ပါ"

"ရား Hansol, Hansol shii, ရား Chwe Hansol"
"အာ ဘာလို့အော်နေတာလဲ၊ ဖြေးဖြေးခေါ်လည်းရနေတာကို"
"မင်းမျက်လုံးကြီးကျွတ်ထွက်ပြီး စင်ပေါ်ရောက်သွားမှာစိုးလို့ကွ"

Chwe Hansol တစ်ယောက်ရှက်သွားပါတော့တယ်။
"Mingyu Sunbae ရော"
"သူသွားပြီလေ"
"ဪ ဒါနဲ့သီချင်းဆိုနေတဲ့တစ်ယောက်တော်တော်ကောင်းတယ်နော်"
ပြောပြီးတော့ ကျွန်တော်ပြန်နှင့်တော့မယ်ဆိုပြီးထွက်သွားပေမယ့် Hansol ပြောသွားတဲ့စကားကို Kwan Soonyoung တစ်ယောက်က‌ေတာ့အံ့ဩပြီးကျန်ခဲ့တုန်း။
"Vocal song တွေတောင်တစ်ခါမှမကြိုက် နားမထောင်ဖူးပဲနဲ့ ခုကျမှ ကောင်းတယ်ကပြောသွားသေးတယ် အဲ့ကောင်ကတော့"

________ >>______________>>___________>>______________>>

ဝါးး စင်ပေါ်မှာသီချင်းဆိုနေတဲ့သူကတကယ်ပဲကောင်းတာလား။

နောက်အပိုင်း‌ေတွကျရင် အပြောင်းအလဲလေးတွေလည်းပါနိုင်ပါတယ်နော်

my body and your mindWhere stories live. Discover now