EP-8 (Jihan)

182 18 2
                                    

(Flash back to Yoon Jeong Han and Hong Jisoo)

"Joshujiii"
( Hong Jisoo ရဲ့ Joshua ဆိုတဲ့ အင်္ဂလိပ်နာမည်ကို ခေါ်တာဖြစ်ပါတယ်)

Joshuji ဆိုတာက ကျွန်တော့်ရဲ့ မြတ်နိုးရာလေးအတွက် တစ်ခုတည်းသော ကိုယ်ပိုင် နာမ်စားလေး။
ဘာလို့ Joshuji လို့ခေါ်တာလဲ သိလား။
ဟဲဟဲ ပြောမပြပါဘူးနော်
(တကယ်တော့ Nora လည်း မသိလို့ပါ။ သိတဲ့သူတွေလည်း ပြောပြကြပါ)

"အွန်း Jeonghan-ah ပြောလေ"

သူ့ရဲ့ အသံချိုချိုလေးရယ် အမြဲတောက်ပနေတဲ့ မျက်ဝန်းလေးတွေရယ် အိမ်မက်ထဲအထိတောင် နှောင့်ယှက်တတ်တဲ့ အပြုံးတွေရယ်က ကျွန်တော့်အတွက်တော့ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့အဖိုးတန်‌ေလးတွေပေါ့။

သူ့ကို ခေါ်လိုက်ရင် ပြုံးပြီးတော့ ပြန်ထူးတတ်တဲ့ ပုံစံလေးကို ကျွန်တော်တစ်ခါတစ်လေ စကားတောင် ပြန်မပြောမိပဲနဲ့ ငေးကြည့်နေတတ်မိပါတယ်။

သူ့ကို ကျွန်တော် ဘယ်လောက်ထိချစ်လဲဆိုတာ ဘယ်လိုအရာမျိုးနဲ့မှတောင် နှိုင်းယှဉ်လို့ရမှာမဟုတ်ဘူး။

သူနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ခင်ကြတာပါ။အကုန်လုံးကတောင် ကျွန်တော်တို့ နှစ်ယောက်က နေရာတိုင်းမှာ တော်တော်လေး ဆင်တယ်လို့ ပြောကြတယ်။ ပြောရမယ်ဆိုရင်ဗျာ soulmate တွေလိုပေါ့။ ဘယ်အချိန်မှာ သူ့ကို ချစ်မိသွားလည်းဆိုတာတော့ ကျွန်တော်လည်း သေချာမသိတော့ဘူး။ ဒီတိုင်း သူ့ကို ချစ်မိသွားခဲ့တာ။

ပြီးတော့ သူ့ဘက်ကလည်း ကျွန်တော့်အပေါ်ကို ခံစားချက်ရှိနေတယ် ပြောလာတော့ ကျွန်တော်တို့ တွဲဖြစ်သွားခဲ့တယ်။
လွန်ခဲ့တဲ့ ၆လလောက်ကတည်းကပေါ့။
ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်ရသူဖြစ်ပြီးတော့ ကျွန်တော့်ရဲ့ အထက်တန်း ဒုတိယနှစ်မှာ ရခဲ့တဲ့ ချစ်သူက ကောင်လေးပေါ့။ သူဘက်ကလည်း ချစ်နေရင်ရပြီလို့ ယုံကြည်ထားတဲ့သူမို့လို့ ကျွန်တော်တို့ အဆင်ပြေခဲ့ပါတယ်။

"Han-ah ပြောလေ ဘာလို့ ထိုင်ကြည့်နေတာလဲ"

"ဘာမှမဟုတ်ဘူး ဒီတိုင်း ခေါ်ကြည့်တာ"

"ဟော မရဘူး ခေါ်ပြီးရင်ပြောမှရမှာနော် ပြော ပြောလို့ ပြော"

my body and your mindWhere stories live. Discover now