Ep-6

183 22 1
                                    

"ရား  Seungkwan ထမင်းအတူလိုက်မစားဘူးလား?"

တစ်ယောက်တည်း နေရတာကို မကြိုက်သော Seungkwan သည် တစ်ယောက်မဟုတ်တစ်ယောက်ကို အဖော်လိုက်ရှာနေတတ်သော်လည်း များသောအားဖြင့်တော့ Seokmin နဲ့စားလေ့ရှိသည်။

"အွန်း စားမယ်လေ"

"မင်းသူနဲ့ထမင်းသွားစားလို့မရဘူး"

ပိုင်စိုးပိုင်နက်နဲ့ လာထိန်းချုပ်နေသော သူအား တစ်ကယ်စိတ်တိုသည်။

"ဟင် ဘာလို့လဲ?"

"မင်းငါနဲ့ စာရင်းတွေလုပ်ရမယ်လေ တာဝန်ကျယူထားပြီးတော့ မေ့နေတာလား?"

"အာ စာရင်းက မနက်ဖြန်မှလုပ်လဲရတာပဲကို"

"မရဘူး ဒီနေ့လုပ်ရမှာ လာခဲ့ သွားမယ်"

အတင်းလက်ကို ဆွဲကာခေါ်သွားတော့ မလိုက်ချင်ပါသော်လည်း ကြိုးဆွဲရာပါသွားသော အရုပ်ကလေးပမာ မလှုပ်နိုင်ရှိနေခဲ့သည်။

🍊💭 : သူဘာလို့ စာရင်းကို ဒီနေ့မှ လုပ်ချင်နေရတာလဲ?
ဒါမှမဟုတ် ငါထမင်းစားသွားဖို့လုပ်လို့များ တမင်အကျင့်ယုတ်တာမဟုတ်ဘူးလား?
Chwe Hansol ဆိုတာ အကျင့်မယုတ်ရရင်မနေနိုင်ဘူးလားမသိဘူး။

"အာ Hansol, Seungkwan ဘယ်သွားမလို့လဲ?"

Jeong Han Hyung နဲ့ Wonwoo Hyung ကြည့်ရတာ canteen သွားကြမလို့ထင်တယ်။

"အွန်း ကျွန်တော်တို့ စာရင်းလုပ်စရာလေးရှိလို့ သွားလိုက်ဦးမယ်နော်"

"အိုကေ အိုကေ"

"လာ သွားမယ်"

"ဒီမှာ ငါ့လက်ကိုလွှတ်စမ်းပါ လွှတ်ပြီးမှ သွားလို့မရဘူးလား?"

"မရဘူး မင်းထွက်ပြေးသွားမှာစိုးလို့"

"ငါက ကလေးလား လျှောက်ပြေးနေရအောင်"

"အွန်း"

"ရား ငါက ဘယ်မှာကလေးလဲ နာတယ်လို့ လွှတ်"

🐢💭"အရမ်းနာသွားလား ဒီကလေးလေးကလည်း ကလေးဆိုးသလိုမျိုးကိုဆိုးနေတော့တာပဲ။ တစ်ဖြေးဖြေးအူယားလာရင် စိတ်ထိန်းနိုင်မှာမဟုတ်တော့ဘူး"

"ဒီတိုင်းသွားလဲရနေတာပဲကို ဘာမှန်းမသိဘူး....."

ပူညံပူညံလုပ်ရင် တစ်လမ်းလုံးသာ လိုက်လာတော့သည်။ ကိုယ်ကလည်း သူအဲ့လို လုပ်တာလေးကိုပဲ ကြိုက်နေရတာဆိုတော့။ အခုဆို တစ်ရက်လေးတောင် သူ့အသံမကြားရရင်မနေနိုင်တော့ဘူး ဆိုတာမျိုး။

my body and your mindWhere stories live. Discover now