"Seungkwan-ah....ဒီနေ့ နေ့လည်ချိန်မရှိဘူးဆိုတော့ ငါတို့ တစ်နေရာရာသွားကြမလား"
ဆရာအစည်းအဝေးရှိသဖြင့် နေ့ခင်းချိန်ပိတ်ရာတွင် အိမ်သို့မပြန်ပဲ လျှောက်လည်ချင်နေသော Lee Seokmin ပါပေ။
"အင်း....သွားလေ၊ ဒါပေမယ့်အခုတော့ ဆရာပြောတာ သေချာနားထောင်ဦး၊ ပြီးမှ.."
စာအရမ်းတော်နေသည်ဟု မဟုတ်သော်လည်း စာသေချာလုပ်သော Seungkwan သည် သူ့သူငယ်ချင်းအားလည်း စာသေချာလုပ်ရန် သတိပေးနေဟန်မှာ မိခင်တစ်ယောက်နှင့်ပင်တူလေသည်။
"ကဲကဲ....ကလေးတို့ ဆရာတို့ ဒီနေ့တော့ ဒီလောက်ပဲ။ စာလည်းပြန်ကြည့်ထားကြ...နောက်တစ်ချိန်ဆရာမက ၂၀မိနစ်လောက်နေမှ လာလိမ့်မယ်........"
"Seokmin-ah တစ်ချိန်ပြီးရင် ကော်ဖီသွားဝယ်ရအောင်၊ ပင်ပန်းနေသလိုခံစားရလို့"
"အိုကေ.."
ကျွန်ေတာ် ကော်ဖီကြိုက်တတ်တဲ့ အကျင့်က ငယ်ငယ်ကတည်းက ပါလာခဲ့သည်ဆိုပါေတာ့။ စိတ်တည်ငြိမ်အောင် ကြိုးစားသည့်အချိန်တိုင်း ဒါမှမဟုတ် ပင်ပန်းလာတဲ့အချိန်တိုင်း အမြဲကော်ဖီသောက်လေ့ရှိသည်။ သောက်တိုင်းလည်းအမြဲ Ice-americano ပင်သာ။
ကော်ဖီဝယ်မည့်ေနရာသည် စာသင်ခန်းနှင့်သိပ်မဝေးသဖြင့် အနည်းငယ်သာ လမ်းလျှောက်သွားရသည်။
"Seokmin-ah ငါတို့ ဘယ်သွားကြမှာမလို့လဲ"
"အမ်.....မသိဘူး...ကုန်တိုက်တစ်ခုခုဆိုရင်ရော?"
"ကုန်တိုက်လား....အင်းပါ....ဘာမှတော့ သိပ်မဝယ်ဘူးနော်"
"အေးပါကွာ.....ငါလည်းလျှောက်ကြည့်ရုံပါပဲ"
ထို့နောက် လိုချင်သည့်ကော်ဖီအား ကော်ဖီစက်တွင်ရွေးယူကာ စာသင်ခန်းသို့ပြန်လာလိုက်သည်။
စာသင်ခန်းရှိ မိမိနေရာသို့အရောက်တွင် တွေ့လိုက်ရသည့်အရာများကြောင့် အံ့ဩသွားသည်။
မုန့်နဲ့ ကော်ဖီ ပြီးတော့ အအေးတစ်ဘူး။"Seungkwan မင်းကိုတော့ ကောင်မလေးတစ်ယောက်ယောက်က ကြိတ်ကြွေနေပြီထင်တယ်။ မုန့်တွေ လာတင်ထားပေးပုံထောက်ရင်"
"အာ ပေါက်ကရနဲ့.....နေရာမှားတင်တာဖြစ်မှာပေါ့"
"နေရာမှားတင်တာဆိုရင် ကိုယ့်ဟာမလား အဲ့တာတွေက.."
![](https://img.wattpad.com/cover/318070859-288-k300524.jpg)
YOU ARE READING
my body and your mind
Romanceသူများခိုင်းတာဘာမှမလုပ်တဲ့ သူဌေးသားလေးက 'မင်းစကားတခွန်းသာပြောလိုက် ပြောတဲ့အတိုင်းဖြစ်စေရမယ်'တဲ့ ကျောင်းသားဘဝကိုပုံဖော်ထားတဲ့ ဇာတ်လမ်းလေးပါ