Ep-3

245 25 2
                                    

Omm Soonyoung Hyung, ဒီနေ့မလာဘူးလား?
"အွန်း၊ Hansol ရား ဒီနေ့ငါလုပ်စရာလေးရှိလို့"
"Hyung မရှိရင်ကျောင်းမှာပျင်းစရာကြီးကို"
Chwe Hansol နဲ့ Kwan Soonyoung ဆိုတာအကျင့်တူတွေ ၊တစ်နေကုန်အတန်းလစ်ပြီးလျှောက်သွားကြတဲ့ဟာတွေ ၊သူမရှိရင်Hansol တစ်ယောက် အတန်းထဲမှာပဲခေျာင်ပိတ်မိနေ‌ေတာ့မည်။
"Wonwoo ရှိသားပဲကို"
"Wonwoo Hyung နဲ့သာဆိုရင် တစ်နေကုန် စာပဲလုပ်ခိုင်းနေမှာ သူနဲ့တော့တစ်နေကုန်မနေနိုင်ဘူး၊ ကျွန်တော်တောင်သူနဲ့တစ်နေကုန်မနေနိုင်တာ သူကောင်မလေးတောင်ရပါ့မလား မသိ"
ပြောရင်လည်းဟုတ်တယ်၊ Jeon Wonwoo က မိန်းကလေးတွေကြားမှာနာမည်ကြီးသလောက် ဘယ်သူ့မှစိတ်ဝင်စားသူမဟုတ်၊စာမှစာသူကတော့ ၊
"ဟားဟား သူများအကြောင်းတွေးမနေနဲ့ ၊မင်းသာအရင်ရှာဦး"

"ဟဟ ကျွန်တော်_အာ....__
မင်းမမြင်ဘူးလား လူ‌တစ်ယောက်လုံးလာနေ.......
"Hansol ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ဘူး ဒါပဲနော် Hyung ၊ကျွန်တော်တော့ သူများအကြောင်းပဲတွေးရတော့မယ်ထင်တယ်"

"မင်းလူတစ်ယောက်လုံးလာနေတာမမြင်ဘူးလားကွ"
"မမြင်တာကမင်းလေ၊ သူခိုးကများလူပြန်ဟစ်လို့ သူများလာပြောနေသေးတယ်"
တကယ်တော့မှားတာက သူ၊ သူမမြင်လို့ဝင်တိုက်မိတာကို သူများကိုဟောက်ဖြစ်အောင်သွားဟောက်လိုက်သေးတာ၊ ဟိုဘက်ကတစ်ယောက်ကလည်းစွာတာမှလွန်ရော၊
"မင်းကများငါ့ကိုပြန်အော်ရအောင် မင်းကဘာမို့လို့လဲ"
"အဲ့လိုပြောနေတဲ့မင်းကရော"
ဝါးး ဒီကျောင်းဝင်းကြီးထဲမှာ သူဆိုတဲ့ Chwe Hansol ကိုမသိတဲ့သူကရှိသေးတာလား။ အံ့ဩလို့တောင်မဆုံးဘူး။
"ငါ့ကိုတောင်မသိဘူးဆိုတော့ မင်းကကျောင်းသားသစ်လား"
"ငါကမင်းကိုဘာလို့ပြောရမှာလဲ"

"Seungkwan ရား, ရှာလိုက်ရတာ ဘယ်တွေရောက်နေတာလဲ"
"JeongHan Hyung , ကျွန်တော်အတန်းပျောက်နေလို့"

JeongHan Hyung နဲ့သူနဲ့ကသိနေတာလား၊ ဘယ်လိုလုပ်ပြီးတော့လဲ
"အာ.... Hansol ဒါက Seungkwan လေ Hyung တို့နားလေးက၊ ကျောင်းသားသစ်ဆိုတော့ကူညီပေးလိုက်ပါဦး၊ ဒါနဲ့မင်းနဲ့အတန်းတူမယ်ထင်တယ်"

ဒီလောက်စွာလန်နေတဲ့ကျောင်းသားသစ်တစ်ခါမှမမြင်ဖူးဘူး ပြီးတော့အတန်းကလည်းတူတယ်တဲ့လား,      ခန....... သူ့ကိုမြင်ဖူးသလိုပဲ....

my body and your mindWhere stories live. Discover now