Ep-7

189 23 0
                                    

တော်သေးတယ် သူလိုက်မလာတော့လို့ မဟုတ်ရင် ကျွန်တော်ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားသွားထားရမှန်းမသိဖြစ်တော့မည်။

ပြီးတော့ စာရင်းလုပ်နေတဲ့နေရာက လူရှင်းတာလည်း တစ်မျိုးကောင်းသွားသေးသည်။

ဟူးးး

အဲ့ကောင်က ဘာဖြစ်ချင်နေတာလဲ? သူများကို ပိုင်စိုးပိုင်နက်နဲ့ ၊ ငါ့ရဲ့ ပထမဆုံးအနမ်းလေးတော့သွားပါပြီ ಥ⁠‿⁠ಥ
အဲ့လိုကြီး နက်နက်ရှိုင်းရှိုင်းမရှိပဲနဲ့ ပြီးဆုံးသွားရတာတဲ့လား။

ပြီးတော့ ငါမချစ်တဲ့သူတစ်ယောက်နဲ့

စဉ်းစားကြည့်လိုက်တော့ မချစ်တဲ့လူတစ်ယောက်က နမ်းတာကို ဘာလို့ အဲ့လောက် ရင်ခုန်သွားရတာလဲ?

ပထမဆုံးမို့လို့ ဟုတ်တယ် ပထမဆုံးမို့လို့ ရင်ခုန်မိသွားတာ

အဲ့တာတွေအသာထားဦး။ ဒီကိစ္စသာ Han  Sowon သိသွားရင် ငါတော့ မလွယ်ဘူး။ သူ့လူကအရင်စတာကို ငါကပြဿနာအရှာခံရဦးမယ်။

နောင်ရေးတွေး စိတ်လေးနေမိသော Seungkwan တစ်ယောက်သည် သူ့နေရာတွင်ထိုင်၍ စာအုပ်ဖတ်ကာ စဉ်းစားနေခြင်းဖြစ်သည်။
ဒါပေမယ့် သူသတိမထားမိလိုက်တာက.....

"Seungkwan ဘာလုပ်နေတာတုန်းဟ မင်းကလည်း ငူငူငိုင်ငိုင်နဲ့"

"စာ စာမေးပွဲနီးလို့ စာ စာ လုပ်နေတာ"

"ဪ စာလုပ်တာကြီးကလည်း စာအုပ်ကြီးလည်းပြောင်းပြန်ကိုင်လို့"

"အော် မှားသွားလို့"

"ဒါနဲ့ မင်းမျက်နှာကြီးက ဘာလို့နီနေတာတုန်း?"

"အန် အဲ့ အဲ့ အဲ့တာက... ပူလို့ကွာ ရာသီဥတုက..."

"ဟုတ်လား ငါတော့ သိပ်မပူပါဘူးရော်"

အလိုက်မသိ အသေးစိတ်ကအစ လိုက်မေးနေသော Seokmin တစ်ယောက်ကြောင့် Boo Seungkwan အနေရခက်‌ေတာ့သည်။

my body and your mindWhere stories live. Discover now