Ep-4

199 21 2
                                    

"မင်းတစ်ယောက်ဆီမှာ အလုပ်လုပ်ရင် သစ္စာရှိရှိအလုပ်လုပ်သင့်တာပေါ့"
"ဒီလိုထွက်ပြေးသွားလို့ရမလား"
"ဟေ့ကောင် ထွက်ခဲ့စမ်းကွာ"
ကြောက်ရွံ့နေတဲ့ မျက်လုံးတစ်စုံနဲ့ ပြောခဲ့တဲ့စကားလေးတစ်ခွန်း နောက်ဆုံးဖြစ်မယ်လို့မထင်ခဲ့ဘူး။
"သား ဒီမှာပဲနေနော် ဘာသံကြားကြား ထွက်မလာနဲ့ကြားလား"

"ဟေ့ကောင် ထွက်ခဲ့လို့ပြောနေတာကို "
"ကျွန်တော် လာပါပြီ"
အပြင်ဘက်က ဝါးတားတား လူရိပ်တွေ ဝါးတားတား စကားပြောသံတွေ
မျက်ရည်တွေကြောင့် သဲသဲကွဲတောင်မမြင်နိုင်တော့တဲ့ အပြင်က မြင်ကွင်းတွေ
ဒါပေမယ့် လူတစ်ယောက်ကို ရိုက်နှက်နေတာကိုပဲတွေ့ရတယ်။
တော်ကြပါတော့ စိတ်ထဲကပဲ‌ေပြာနေပြီးတော့ မကာကွယ်နိုင်ဘူး။
"ဒိုင်း" ဆိုတဲ့သေနတ်သံနဲ့အတူ သွေးတွေနဲ့လဲကျသွားတဲ့သူတစ်ယောက်
ပြီးတော့ ခပ်လှမ်းလှမ်းမှာ လက်အိတ်ဝတ်ထားပြီးတော့ သေနတ်ကိုင်ထားတဲ့သူ
အဲ့လူအနီးကပ်လာပြီးခုံကိုရိုက်ချလိုက်တော့

"အားးးးးးး"
"သားလေး အိမ်မက်ဆိုးတွေမက်ပြန်ပြီလား?"
"ဟုတ်တယ် မေမေ အရင်ကနဲ့တစ်ပုံစံတည်းပဲ"

လူတစ်ယောက်ကို နှိပ်စက်ပြီး သေနတ်နဲ့ပစ်နေတဲ့မြင်ကွင်းတွေ
ငယ်ငယ်ကတည်းက မက်လာခဲ့တဲ့ ဒီအိမ်မက်ဆိုးက ဘာအဓိပ္ပာယ်လဲ?

ဒီတစ်ခေါက်မြင်လိုက်ရတာက ခုံကိုလက်နဲ့ရိုက်လိုက်တဲ့လူရဲ့ လက်က နဂါးပုံစံ တက်တူး။

"ဘာမှမဖြစ်ပါဘူး သွား မျက်နှာသစ် ကျောင်းသွားရဦးမယ်လေ"

ဟုတ်သားပဲ ကျောင်းသွားရဦးမယ်။
ဟူးးး

ဝါးးး
ဒီနေ့ကကျောင်းရဲ့ ဒုတိယနေ့
သူငယ်ချင်းတစ်ယောက်တောင်ရှိလာပြီဆိုတော့ ကျောင်းတက်ရတာ တော်တော်လေးပျော်ဖို့ကောင်းလာပြီ။

"ရား Seungkwan "
ပြောရင်းဆိုရင်းရောက်လာပြီ

"အွန်း Seokmin ရား စောသားပဲ"
"ငါကအမြဲစောပါတယ်ကွ အတန်းထဲမှာ နောက်မကျရဲဘူးလေ အတန်းခေါင်းဆောင်ကြောင့်"
"ဪ"
အတန်းခေါင်းဆောင်ကစည်းကမ်းကြီးမယ့်ပုံပဲ။ ဘာပဲဖြစ်ဖြစ်ပါ အရင်ကျောင်းတုန်းက အတန်းခေါင်းဆောင်ထက်တော့ပိုကောင်းပါတယ်။

my body and your mindWhere stories live. Discover now