EP-9 (MinWon)

218 20 1
                                    

စာမေးပွဲလည်း နီးနေပြီ။ စာမေးပွဲဖြေဖို့ တစ်လအလို။ ပြီးတော့ အားကစားပြိုင်ပွဲအတွက် 2 လအလို။

ဟိုကလေး ကျွန်တော့်ကို ဖွင့်ပြောခဲ့တာကလည်း တစ်ပတ်တောင် ရှိပြီ။ သူ့ကိုတော့ ဘာမှစကားမပြန်ရသေး။

Kim Mingyu ဆိုတဲ့ကလေးက စိတ်မပြောင်းသေးတာလား။ ပုံမှန်ဆိုရင် သူက လူတစ်ယောက်ကို တစ်ပတ်လောက်ပဲတဲ့ ပြီးရင် စိတ်ကုန်သွားတတ်တယ်တဲ့။ ဒါပေမယ့်အခုက တစ်ပတ်ရှိတာကို ကျွန်တော့်နားမှာကပ်နေတုန်း။ သူတကယ်ပဲ.....။
အာ..မသိတော့ဘူး။

"Wonwoo ရား လာလေ နေ့လည်စာသွားစားမယ်"

"အာ Jeong Han Hyung ကျန်တဲ့သူတွေကရော?"

"အော တတိယနှစ်တွေက ဒီနေ့ နေ့တစ်ပိုင်း ပိတ်တယ်လေ။ ဆရာတွေ အစည်းအဝေးရှိလို့တဲ့။ အဲ့တာနဲ့ အိမ်ပြန်သွားကြပြီ"

"အော် ဟုတ် အဲ့တာဆို သွားမယ်လေ"

အတန်းထဲကနေ ထွက်လိုက်တာနဲ့ တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့ အကြည့်က သူတို့ဆီမှာသာ။ ‌ယောကျာ်းလေးဆန်ပြီးတော့ အသံကအစ မိန်းကလေးတွေ အကြိုက်ဖြစ်တဲ့ Jeon Wonwoo နဲ့ ပန်းပွင့်ဖက်လေးလို နူးညံ့လှပပြီး တစ်ခါကြည့်မိတာနဲ့ လည်ပြန်တောင် ပြန်ကြည့်ရတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ Yoon Jeong Han အဲ့လိုနှစ်ယောက်က ယှဉ်သွားနေမှတော့ မိန်းကလေးတွေရဲ့ အကြည့်က တစ်ခြားရောက်နိုင်ပါတော့မလား။

မထင်ပါနဲ့လေ။ တကယ်တော့ ရောက်နိုင်ပါတယ်။
အားကစားခန်းထဲမှ ထွက်လာသော Kim Mingyu
အင်္ကျီလက်ပြတ်ကို ဘောင်းဘီတိုနဲ့ တွဲဝတ်ထားလေတော့ လက်မှ ကြွက်သားများသာမက ပေါင်သားဖွေးဖွေးကိုပါ မြင်နေရသည်။
အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ သွားစွယ်လေးက ဝဲဂယက်ထဲကျသွားသလို ပြန်လည် မကယ်ဆယ်နိုင်တော့လောက်အောင်ပင် ချစ်ဖို့ကောင်းလွန်းလျက်။ ဆံပင်ကို သပ်ရင်းထွက်လာတဲ့ Kim Mingyu ကတော့ မိန်းကလေးတွေရဲ့အကြည့်တွေ အားလုံးကို သိမ်းပိုက်သွားပါတော့တယ်။

ဘတ်စကတ်ဘော ဆော့လာပုံရသည်။ နဖူးတွင် ချွေးများပင်‌စို့နေလေသည်။

my body and your mindWhere stories live. Discover now