"တန်ရဲ့လား ဟွန်းလေး.. သူလိုယောကျာ်းတစ်ယောက်အတွက် နင်ပေးဆပ်ရတာတန်ရဲ့လား"
"နင့်ပါးစပ်ကိုပိတ်ထား မီရာ ငါမိန်းမတစ်ယောက်ကို ရိုက်ရလောက်တဲ့အထိ အောက်တန်းကျတဲ့ကောင် မဖြစ်ချင်ဘူး ဒါပေမယ့် နင့်ပါးစပ်ကသာ သူ့အကြောင်းတစ်ခွန်း ထပ်ဟရင်ငါနင့်ကိုသတ်ပစ်ဖို့လည်း ဝန်လေးနေမှာမဟုတ်ဘူး"
ဒီဇင်ဘာလရဲ့မိုးတွေထဲ Park SungHoon တစ်ယောက် သတိမရတော့သည့်ချစ်ရသူကိုပွေ့ချီကာ ထိုအယုတ်မကိုကျောခိုင်းပြီးထွက်လာခဲ့လိုက်သည်။
ကိုယ်မှားတာမို့ တောင်းပန်တယ်ကလေးငယ်
မင်းကိုမျက်ရည်မကျစေရပါဘူးလို့
ကတိပေးပြီးမှ နာကျင်စေလို့
ကိုယ်အနူးအညွတ်တောင်းပန်တယ် ကလေးမိုးရေတွေကြောင့် ခိုက်တုန်နေသည့် ကိုယ့်ကိုကိုယ်လျစ်လျူရှုကာ ချစ်ရသူနွေးသွားစေရန် ကားထဲမှ Heater ကိုတင်လိုက်သည်။
ထို့နောက် စံအိမ်ကြီးရှိရာသို့လှည့်ပြန်လာခဲ့သည်။ စိတ်ချပါကလေးလေး မင်းကိုနောင်ဘယ်သူကမှထိခိုက်မလာစေရဘူး။-----------
သစ်ရွက်သစ်ခက်များစိမ်းစိုနေကာ မနေ့ညကရွာထားသည့် မိုး၏အကြွင်းအကျန် ပုလဲရည်တို့က အိမ်တံစက်မြိတ်မှတစ်စက်စက်ကျလျက်ရှိသည်။
အိပ်ရာထက်တွင် စောင်ထူထူကြားထဲ အိပ်မောကျနေသော ချစ်ရသူကို Sunghoon အမြတ်တနိုးကြည့်လိုက်သည်။ ပါးလေးဟာဖောင်းနေလျက်ရှိပြီး နီရဲနေသည့် နှုတ်ခမ်းလေးသည် အိပ်မောကျနေသည်ကြောင့်ထင် အနည်းငယ်ဆူပွပွဖြစ်နေသည်။
"ကိုယ်မင်းကိုချစ်လိုက်တာ Sunoo ရာ"
မနေ့ညကအဖြစ်အပျက်တချို့ခေါင်းထဲဝင်လာတော့ အိပ်ရာထဲမှ ကလေးငယ်ကို သွေးရူးသွေးတန်းပြေးပွေ့မိသည်။ ဟင့်အင်း .. ငါ့ကလေးလေးငါ့ကို ပစ်မသွားလောက်ပါဘူး။ နဖူးကိုရုတ်တရက်ထိလိုက်ချိန်ပူခနဲဖြစ်သွားတော့ Sunghoon လန့်သွားသည်။
ကလေးလေးဖျားနေပြီ။ မနေ့ညက ချမ်းချမ်းစီးစီးမိုးတွေကြားထဲ ကလေးငယ်ကိုပစ်ထားပြီး တိုက်ခိုက်နေခဲ့တာကြောင့် အအေးမိသွားသည်ထင်ပါသည်။ ကျစ်ကျစ်ပူနေသည့်ကိုယ်လေးကြောင့် ကုတင်ပေါ်မှ အမြန်ပြန်ဆင်းကာ ရေချိုးခန်းဆီပြေးကာ အဝတ်စနှင့်ရေဇလုံကိုဆွဲလာပြီး ရေပတ်တိုက်ပေးမိသည်။
YOU ARE READING
ကိုကိုချစ်သော ကလေးငယ်(mine)
Fanfictionဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး