Sunghoon အဖျားတွေကြီးကာ လဲနေသည်မှာကြာပြီမို့ အိပ်ရာထဲမှပင်မနည်းထယူရသည်။ သူစိတ်ကောလူရော ပင်ပန်းနေသည်ကြောင့် နှစ်ဆပိုခံရပါသည်။ ကောင်လေးကိုလွမ်းသည့်ဒဏ်လည်းပါတာပေါ့။တစ်ခုကောင်းသည်က သူဖျားနေသည့်အချိန်အတွင်းဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့သည်။ ချစ်ရတဲ့သူကိုမနာကျင်ရမယ့်နည်းတစ်ခုကို ဆုံးဖြတ်နိုင်ခဲ့သည်လေ။
ကုတင်ပေါ်မှထလိုက်ပြီး ယိုင်နဲ့နဲ့ခန္ဓာကိုယ်နဲ့ပဲ ရေချိုးခန်းထဲဝင်ကာ လန်းဆန်းသွားစေရန် ရေချိုးပစ်လိုက်သည်။ ပြီးနောက်တွင် မျက်နှာပေါ်ရှိအမွှေးအမျှင်တို့ကိုရိတ်သင်လိုက်ကာ အဝတ်အစားတစ်စုံလဲလိုက်သည်။
1 ပတ်နီးပါး ပိတ်ထားခဲ့သည်ဖုန်းကိုပြန်ဖွင့်လိုက်ပြီး ရင်းနှီးနေသည့်ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
"ဟဲလို အေးငါပါ Jaeyun .. ငါ့ကိုအားဆေးပုလင်းနဲ့ အဖျားပျောက်ဆေးတွေယူလာပြီးပေးလို့ဖြစ်လား လိပ်စာပို့ပေးမယ် "
"..."
"ကျေးဇူးကွာ"
သူဧည့်ခန်းထဲသွားလိုက်ပြီး ဖုန်းကိုကြည့်လိုက်တော့ တန်းစီနေသည့် Messages တွေနှင့် Phone calls တွေ။ အကုန်လုံးဟာ တစ်ဦးတည်းဆီက ဝင်ထားသည်တို့ပင်။
*sunghoonie နေကောင်းတာသက်သာပြီလား ကျွန်တော်စိတ်ပူတယ် *
*Message ကိုတွေ့ရင်စာပြန်ပါနော် အဆောင်မှာလည်းမရှိတော့ ကျွန်တော်လာလို့မရဘူး *
*အဆင်ပြေနေရဲ့လား သတိရတယ် Sunghoonie မရှိတော့ ကျွန်တော်အထီးကျန်လိုက်တာ*
*ကျွန်တော့်ကိုမုန်းသွားလို့တော့မဟုတ်ဘူးမလားဟင်*
အစရှိသဖြင့် မေးခွန်းပေါင်းများစွာကိုပို့ထားလေသည်မို့ သူပြုံးမိကာ စာပြန်ရန်လုပ်လိုက်သည်။
*ကိုယ်နေကောင်းသွားပြီ ကောင်လေး မနက်ဖြန်အလုပ်ပြန်ဆင်းမယ် စိတ်မပူနဲ့တော့နော်*
ရုပ်ရှင်ကြည့်ကာ Sunghoonie ကိုလွမ်းနေတုန်း ဖုန်းလေးတုန်ခါသွားသည်မို့ မြန်မြန်ကောက်ယူကြည့်လိုက်တော့ လွမ်းနေမိသူထံမှဖြစ်နေသည်။
STAI LEGGENDO
ကိုကိုချစ်သော ကလေးငယ်(mine)
Fanfictionဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး