4

360 52 2
                                    



ကောင်လေး၏ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။ ထိုကောင်လေး ငူငူငိုင်ငိုင်ရှိနေပေမယ့် ကိုယ့်ပယောဂနဲ့လည်းမကင်းတာကြောင့် ဘာမှမေးမြန်းခြင်းမပြုခဲ့။ စာမေးပွဲတောင်ကောင်းကောင်းမွန်မွန်ဖြေနိုင်ရဲ့လားမသိသည်မို့ စိတ်ပူနေမိသည်။

ကားပေါ်တက်လာတော့ ထုံးစံအတိုင်း မျက်နှာလေးဆူပုတ်နေကာ ငြိမ်နေသည်။

" ကောင်လေး ဖြေနိုင်ရဲ့လား"

"ဖြေနိုင်ပါတယ် ဘာလို့လဲ"

"ဆူပုတ်နေတော့ မဖြေနိုင်ဘူးထင်လို့"

"ဘာ ကျွန်တော်က ဒီလောက်စာမေးပွဲကိုမဖြေနိုင်မယ့် လဒူမဟုတ်ဘူး အေးဆေးဖြေနိုင်တယ် တစ်ဘာသာကတော့ မသေချာပေမယ့် ဖြေနိုင်တယ် အထင်လာသေးတာမျိုးကို Kim Sunoo ကလက်ခံမယ်ထင်နေတာလား $@;$;&&'$;"

ပွစိပွစိနှင့်သူ့ကိုရန်တွေ့တော့မှ ကျေကျေနပ်နပ်ပြုံးနိုင်သည့်အဖြစ်မို့ Sunghoon ကိုယ့်ကိုကိုယ်တောင်ရယ်မိသည်။

"ဘာရယ်တာလဲ"

"ဘာမှမဟုတ်ပါဘူး"

"ဘာမှမဟုတ်ရင် Club လိုက်ပို့"

"အယ် ဘာမှလည်းမဆိုင်"

"ဆိုင်တယ် ဒီနေ့Semester တစ်ခုပြီးပြီလေ ဂုဏ်ပြုတဲ့အနေနဲ့သွားကစ်ကြမယ်လေ လုပ်ပါ"

" ကောင်လေးအဖေသိရင် ကိုယ်ရော မင်းရော ဒုက္ခရောက်မှာနော်"

"မပြောရင်မသိဘူးလေ တိုးတိုးနေဖို့က Sunghoon တာဝန်"

နှုတ်ခမ်းလေးဆူကာ မျက်နှာလေးကိုအမျိုးမျိုးလုပ်ပြပြီး မြှူဆွယ်နေသူကြောင့် Sunghoon လည်းဟန်ဆောင်မနေတော့။ အကိုကြီးသတ်လို့ပဲသေသေ သူကောင်လေးပျော်သွားအောင်လုပ်ပေးလိုက်တော့မည်။

မီးရောင်စုံတွေပျိုးပျိုးပျက်ပျက်အောက် သီချင်းသံဆူဆူညံညံနှင့် ကချင်ရာကနေကြသည့် သရုပ်ပျက်လူတစ်စုကြားထဲပြေးမည်လုပ်တော့ ဂုတ်ကနေဆွဲလိုက်ရသည်။

"ဒါဘယ်တုန်း"

"dance floor ကိုသွားချင်လို့ လွှတ်"

"ကိုယ်တို့ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာသွားကြရအောင်လေ ဝယ်တိုက်ဆိုတိုက်ပါ့မယ် ဒီနေရာကတော့မဖြစ်ဘူး"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now