အောင်စာရင်းထွက်သည့်နေ့ပင်ဖြစ်သည်။ ထိုကောင်လေးက အပြင်သိပ်ထွက်တတ်သည့်လူမျိုးမဟုတ်သည်ကြောင့် Semester break အတွင်း အိမ်ထဲတွင်သာအောင်းနေတာများသည်။" ကျွန်တော်စိုးရိမ်နေတယ် Sunghoonie "
ဒီအတောအတွင်း တိုးတက်လာသည့်ဆက်ဆံရေးကြောင့် Sunghoon-Ssi ဆိုသည့်အခေါ်မှ Sunghoonie ဖြစ်လာရသည်။ ကျွန်တော်စိတ်ဆိုးခဲ့သလားမေး.. ကျွန်တော်ကပျော်နေဆဲ ပျော်နေမြဲပါပဲ။
နဖူးပေါ်ဝဲကျနေသည့် ဆံပင်ပျော့ပျော့လေးကို သပ်ပေးရင်း ပြုံးပြလိုက်သည်။
" မစိုးရိမ်ပါနဲ့ မင်းအကောင်းဆုံးကြိုးစားထားတာပဲမဟုတ်လား"
"ဒါပေမယ့်လည်း "
"ရှုး အားလုံးအောင်မှာပါ"
ထို့နောက်နဖူးပေါ်ရှိ အမာရွတ်သေးသေးလေးကိုလက်နှင့်လာတို့သည်။ လွန်ခဲ့သည့် တစ်လက Club မှာရခဲ့သည့် ဆေးလိပ်ပြာခွက်ပေးသည့် ဒဏ်ရာပင်။
" ကျွန်တော်အဲ့နေ့အတွက်လည်း မတောင်းပန်ရသေးဘူးနော်"
" မလိုပါဘူး ကိုယ်တာဝန်လျစ်ဟင်းခဲ့တာပါ ကောင်လေးအပြစ်မပါဘူး"
"တောင်းပန်ပါတယ်နော် .. ပါး ဆူတာရော ခံရသေးလား"
မျက်စိရှေ့ရှိ အကောင်ပေါက်လေး အောင်စာရင်းအတွက်စိုးရိမ်တာကို အာရုံပြောင်းချင်သည်နှင့်တူသည်။ ပြီးခဲ့သည့်အကြောင်းကိုသာ ပြန်ပြောနေသည်မို့ သူအလိုက်အထိုက်လိုက်ပြောရန်စဉ်းစားလိုက်သည်။
" Park Sunghoon ပါ မပိုင်ရင်ခြင်တောင်မရိုက်ဘူး"
"အမယ်လေး အကောင်းပြောလို့ကိုမရတာ မြှောက်ကြွမြှောက်ကြွနဲ့"
"တကယ် ကိုယ်အဲ့နေ့က ဘဝရဲ့ပထမဆုံးမကောင်းတာအတွက်ဖုံးပေးဖို့ မုသားကိုပြောလိုက်ရတာပဲ ဘဝမှာကိုယ်တစ်ခါမှ Bad intention အတွက် လိမ်မပြောဖူးဘူး"
"ကျွန်တော့်အတွက် လူဆိုးလုပ်လိုက်တာပေါ့လေ Ddeonu ရဲ့လူဆိုးကြီးပါပေါ့ "
မျက်နှာတိုးကာတိုးကာ စနေတော့ ဒီက လူအေးကြီး ရင်တွေတုန်စပြုလာသည်။ ပါးချိုင့်လေးပင်ပေါ်လာအောင်ပြုံးချလိုက်ပြီး နဖူးလေးကိုခပ်ဖွဖွ တောက်လိုက်သည်။
VOCÊ ESTÁ LENDO
ကိုကိုချစ်သော ကလေးငယ်(mine)
Fanficဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး