24

226 30 6
                                    

တစ်ရက်ထက် တစ်ရက် ကြပ်တည်းလာတဲ့ အခြေအနေတွေအောက်မှာ pressure တွေများလာတာ Sunoo။ အခန်းထဲကထွက်တာတောင် အစောင့်တွေနောက်ကကပ်ပါလာတဲ့ အ‌ခြေအနေမျိုးမှာ သူဘယ်သူ့ကိုအားကိုးရမှာလဲ။

ကိုလတ်ကလည်း အိမ်လုံးဝပြန်မလာ။ သူတစ်ယောက်တည်းဆိုတဲ့ စိတ်နဲ့လူက ပိန်သထက်ပိန်လာပြီး စိတ်ကျရောဂါတောင်ရချင်လာပြီ။ ကိုကိုသည်လည်း အဆက်အသွယ်ကရတစ်လှည့် ပျက်တစ်လှည့်မို့ လာခေါ်တော့မည်ဆိုတာကိုတောင်မယုံချင်တော့။

"သေပစ်လိုက်တော့မှာ...ကိုကိုသာလာမခေါ်တော့ရင် ကျွန်တော်သေပစ်လိုက်မှာ.."

အချစ်အတွက် ရူးမိုက်နေတာမျိုးမဟုတ်။ မွန်းကြပ်မှုဒဏ်တွေကနေ ရုန်းထွက်ပစ်ချင်တာ။ ငိုပစ်လိုက်လို့ပျောက်သွားလျှင် မျက်လုံးတွေထွက်ကျလာတဲ့အထိ ငိုချပစ်လိုက်ပြီ။ ငိုပစ်လို့မရတဲ့အခြေအနေမှာ တစ်ဖက်ကချစ်သူ တစ်ဖက်က အဖေဖြစ်သူ။

"ခင်ဗျားကိုတံခါးဖွင့်ပေးလို့ပြောနေတာ မကြားဘူးလား"

"သခင်လေးကို တံခါးမဖွင့်ပေးဖို့ အကိုကြီးကသေချာမှာသွားတာပါ"

"ငါအထဲမှာ သေသွားရင် မင်းတာဝန်ယူမှာလား ငါကလူ ငှက်တစ်ကောင်လိုပိတ်လှောင်ထားလို့မရဘူး ဖွင့်ပေးအခု"

"တောင်းပန်ပါတယ် ဖွင့်ပေးလို့မရလို့ပါ သခင်လေးအခန်းမှာ toilet လည်းပါပြီးသား ကျွန်တော်ရေနဲ့စားစရာလည်းထည့်ပေးပြီးသားပါ"

"ဖွင့် အခုဖွင့်လို့..."

စိတ်ပျက်လက်ပျက်ပါပဲ။ တံခါးဝမှာထိုင်ချလိုက်တုန်း ဖုန်းဝင်လာလေသည်။

"hello"

"ကလေးလေး ကိုယ်ပါ"

တုန်ရီနေတဲ့ အသံနဲ့ ကိုကိုပြောလာတော့ ရင်တုန်သွားသည်။

"ကိုကို"

"အချိန်မရှိဘူး ဒီညပြင်ထား "

"တကယ်ပြောတာလား"

"အင်း ကလေးအဖေပြန်မလာခင် အမြန်.. ထွက်မှဖြစ်မယ်"

"ကိုကို အသံကဘာလို့ ပြတ်တောင်းနေတာလဲ တစ်ခုခုဖြစ်နေတာ‌တော့ မဟုတ်ဘူးမလား"

ကိုကိုချစ်သော ကလေးငယ်(mine)Donde viven las historias. Descúbrelo ahora