"ကိုကိုရေ"
မိုးလင်းထဲက ဆူညံနေပြီး အလုပ်ရှုပ်နေသည့်ကောင်လေးကြောင့် အထီးကျန်ဆန်သည့်နိုးထခြင်းတော့ မဟုတ်တော့ပါလေ။ အိပ်ရာပေါ်မှ အားယူကာထလိုက်ရင်း အလုပ်ရှုပ်နေသည့် ကောင်လေးအား ပြုံးပြီးကြည့်လေတော့ ကုတင်ပေါ်တက်လာပြီး ပါးကို နမ်းမွှေးလာလေသည်။
"မောနင်းကိုကို"
မျက်လုံးလေးတွေပင် မှိတ်ကျနေသည်ထိကို ပြုံးပြရင်းပြောလာတော့ ခေါင်းလုံးလုံးလေးကိုဆွဲကာ ပြန်လည်နမ်းမွှေးမိသည်။
"မောနင်း ကိုယ့်အချစ်ဆုံး"
"ကိုကို.. ကျွန်တော်ပန်ကိတ်လုပ်ထားတယ် ခြံထဲကပန်းခြံထဲဆင်းစားကြမလား"
"ကိုယ်မြက်တွေမရှင်းရသေးဘူး ကလေးလေး"
"ဟုတ်လား.. ဒါဆိုနေ့လည်ကြကျွန်တော်ရှင်းလိုက်မယ်လေနော်"
"ကလေးလေးရယ်ပင်ပန်းအောင်.. ပြတင်းပေါက်က လိုက်ကာဖွင့်လိုက် .. ဝရန်တာပါတယ်"
ကောင်လေးသည် ပြောသည့်အတိုင်း လိုက်ကာကိုဆွဲဖွင့်လိုက်လေတော့ ကောင်လေးကပြုံးပြီးကျွန်တော့်ကိုလှည့်ကြည့်လာသည်။
"အပြင်မှာစားကြမယ်နော် ကျွန်တော်ယူလာခဲ့မယ် ဒါနဲ့ ကိုကိုဗိုက်ကနာနေသေးလား"
"မနာတော့ဘူး ကလေးလေးရှိနေလို့ထင်တယ်"
"အပိုတွေ .. ကိုကိုခဏနေ ဒဏ်ရာအရောင်ကျအောင် ဆေးသောက်ရမယ် ဒါမှ မြန်မြန်ပျောက်မှာ တော်ကြာအနာရှိန်နဲ့ဖျားရင် ကျွန်တော်ပဲစိတ်မကောင်းဖြစ်ရမှာ"
"လူလည်လေး ကိုယ်ရေချိုးလိုက်မယ် ပြီးရင်လာကူပေးမယ်"
"အကုန်ပြီးပေါ့ဗျာ အပေါ်ယူလာပြီးစောင့်နေမယ်နော်"
"ကောင်းပြီ ကလေးလေး"
ကောင်လေးသည် ခေါင်းလုံးလုံးလေးကိုလှုပ်ကာ ခါကာနှင့် အိမ်အောက်ထပ်ပြန်ဆင်းသွားလေသည်။ ရေချိုးရင်း ညကဒဏ်ရာကိုကြည့်မိတော့ အတွေးတစ်ချို့ကမနေ့ကအချိန်ဆီပြန်ရောက်သွားသည်။
ကိစ္စတွေကိုကူညီပေးနေသည့် စုံထောက်ဆီမှအပြန် နောက်မှကားတစ်စီးကပ်လိုက်နေတာသတိထားမိသည်ကြောင့် သတိနှင့်မောင်းနှင်နေခဲ့ရာ လူပြတ်သည့်နေရာအရောက်တွင် ကားကိုပိတ်ရပ်ပြီး အဖွဲ့လိုက်ဝိုင်းရိုက်ကြရင်း တိုက်ကြရင်း ခိုက်ကြရင်း တစ်ယောက်က ဓားနှင့် လှမ်းထိုးလိုက်ခြင်းပင်။ ကံကောင်းသည်က ရှောင်လိုက်နိုင်သည်ကြောင့်ရှပ်ပြီးသာထိလိုက်သည်။
VOUS LISEZ
ကိုကိုချစ်သော ကလေးငယ်(mine)
Fanfictionဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး