17

177 30 2
                                    

ခွဲခန်းရှေ့တွင် ထိုင်စောင့်နေကြပြီး အချိန်အနည်းငယ်ကြာလေတော့ ဆရာဝန်ကြီးနှင့် နောက်လိုက်ဆရာဝန်အချို့ ထွက်လာကြသည်။ သူတို့လေးယောက်လည်း မြန်မြန်ထလိုက်ပြီး အခြေအနေကိုမေးမြန်းကြသည်။

"ဆရာ အခြေအနေဘယ်လိုရှိလဲ"

"ကံကောင်းလို့ အသက်ဘေးကနေတော့ လွတ်မြောက်သွားပြီ ဒါပေမယ့် ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်မိတဲ့ဒဏ်ကြောင့် သတိလစ်နေလိမ့်မယ်။ အခြေအနေစောင့်ကြည့်ရမယ်လို့ပဲ ပြောရမှာပေါ့"

"ကျေးဇူးတင်ပါတယ် ဆရာရယ်"

"လူနာရှင်က ဆေးရုံနဲ့ပက်သက်တာတွေပြင်ဆင်ပြီးစောင့်လိုက်ပါ ကဲအခုတော့ ခွင့်ပြုပါဦး"

ဆရာဝန်ထွက်သွားသည့်နောက် ဆေးရုံတင်ရန်ကိစ္စအဝဝကို သူနှင့် MinGyu Hyung ကလိုက်လုပ်ကြပြီး ထိုကလေးနှစ်ယောက်ကိုလည်း ပြန်လွှတ်လိုက်သည်။ အကောင်းဆုံးအခန်းကိုယူပြီးနောက် ကလေးဘေးတွင် နှစ်ယောက်တူတူထိုင်စောင့်နေမိသည်။

MinGyu Hyung ကအိမ်ကိုလှမ်းအကြောင်းကြားပြီးနောက် သူ့ဘေးတွင်ပြန်ထိုင်လေသည်။ ပုခုံးကိုခပ်ဖွဖွပွတ်ပေးရင်း စိတ်မပူတော့ရန်တဖွဖွဆိုနေသည်။ သို့ပေမယ့် ကုတင်ပေါ်တွင်လဲလျောင်းနေသည့် ဖြူဖျော့ဖျော့မျက်နှာလေးကိုမြင်တိုင်း ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကသာ ကြီးထွားသည်။

ကောင်လေးသာ တစ်ခုခုဖြစ်သွားရင်ဆိုသည့်စိတ်ကြောင့် ငိုလို့လည်းမရဘဲ ရင်ထဲဆို့နေသည်။ စိတ်ပူနေဆဲပါ။ ဒီကောင်လေး သတိရပြီး တီတီတာတာမပြောသရွေ့ သူစိတ်မချနိုင်ပါ။ လက်လေးကိုဆုပ်ကိုင်လိုက်ပြီး မျက်နှာနားကိုကပ်လိုက်သည်။

"ကိုကိုစိတ်ပူတယ် ကလေးလေး"

ထိုစဉ် ရုတ်ရုတ်သဲသဲအသံနှင့်အတူ အခန်းထဲဝင်လာသူက ကောင်လေးအဖေ။ မီရာဆိုသည့် အမျိုးသမီးကလည်း နောက်တွင်ကပ်ပါလာလေသည်။ ဘယ်နှယ့်ကြောင့်..

"ငါ့ကလေးလေး.."

"ပါးအရမ်းစိတ်မပူလည်းဖြစ်ပါတယ် အခုအသက်အန္တရာယ်ကနေလွတ်သွားပြီပဲ"

"ဘာကွ"

ခွပ်ခနဲအသံနှင့်အတူ စားပွဲတို့ရွေ့သွားသည့် အသံဟာတစ်ဆက်တည်းထွက်ပေါ်လာသည်။ MinGyu Hyung ၏‌ခြေလှမ်းတို့မှာလည်း ယိုင်နဲ့သွားပြီး ခေါင်းကိုငုံ့လိုက်လေသည်။

ကိုကိုချစ်သော ကလေးငယ်(mine)Wo Geschichten leben. Entdecke jetzt