21

177 29 9
                                    

"ပါးစပ်ကိုပိတ်ထားစမ်း"

"ပါး ကျွန်တော်မှမသွားချင်ဘဲ"

"မင်းကိုငါ ကောင်းစေချင်လို့ ပိုက်ဆံအကုန်ခံပြီးပို့ပေးတာ ဘာလို့ငြင်းနေတာလဲ မင်းသိပ်တက်ချင်ပါတယ်ဆိုတဲ့ Fashion ကျောင်းလေ"

"ကျွန်တော်အခု နိုင်ငံခြားမှာသွားတက်ဖို့ အဆင်သင့်မှမဖြစ်သေးဘဲ ပါးရယ်"

"မင်းငြင်းစရာအကြောင်းလည်း မရှိဘူး ဖအေကောင်းလို့ လုပ်ဆိုရင် ပါးစပ်ကိုပိတ်ပြီး လုပ်လိုက်"

Sunoo သည် နိုင်ငံခြားသို့သွားရမည်ဆိုသည့် စကားကြောင့် အဖေဖြစ်သူနှင့်စကားများနေရသည်မှာ ၃ရက်ပင်ရှိနေပြီဖြစ်သည်။ အဆင်သင့်လည်း မဖြစ်သေးသလို သွားလည်းမသွားလို။ ဘယ်တုန်းကမှ လေသံမာမာနှင့်မပြောဖူးသောပါးက သည်ကိစ္စကြောင့်လက်နှင့်ပင် ရွယ်သည်။

ငါလူကြီး ငါပြောတာလုပ်၊ ပြန်ခံမပြောနှင့် ဟူသောLogic သည်ကို သိပ်ကိုအဓိပ္ပာယ်မဲ့သော Logic ပင်။ သားသမီးနှင့် တိုင်တိုင်ပင်ပင် ၊ ဘာဖြစ်ချင်သလဲ ဘာလိုအပ်လဲ မေးမြန်းခြင်းမပြုပဲ သူတို့ဖြစ်စေချင်သော ကိစ္စတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ပုံစံခွက်ထဲ ရိုက်သွင်းခြင်းဟာ ရလဒ်ကောင်းတစ်ခုတော့ထွက်မလာနိုင်ပါ။

ယခုလည်း Kim Lee သည် Sunoo နှင့် Sunghoon ကွဲရင်ပြီးရော ဘာလုပ်ရလုပ်ရအကုန်ဖြစ်အောင်လုပ်ယူသည်။ Sunoo လည်းစကားဆက်ပြောချင်စိတ်မရှိတော့ဘဲ ထထွက်လာလေတော့ အခန်းဝတွင် မီရာနှင့်ဆုံလေသည်။ လူမှူရေးအရ ပြုံးသာပြလိုက်ပြီး အခန်းထဲသို့ဝင်သွားလိုက်တော့သည်။

"Cob ကလေးကိုဘာလို့ pressure တွေတအားပေးနေတာလဲ"

"မပေးလို့ ရမလား အဲ့ကလေးက Park မျိုးရိုးကောင်ကလွဲပြီး ဘာမှမမြင်တော့ဘူး မင်းလည်းသိမှာပါ Parkမျိုးရိုးကောင်က ငါတို့ကိုဘယ်လောက်ဒုက္ခပေးနိုင်တယ်ဆိုတာ"

"သိပါတယ် ဒါပေမယ့် တို့လိုချင်တာရှိတယ်လို့ပြောဖူးတယ်လေ Cob "

"အင်း "

"အဲ့တာ Park Sunghoon ပဲ Cobသားနဲ့သူ့ကို ရအောင်ခွဲပေးမယ် ဒါကြောင့် Sunghoon ကိုလက်ဖျားနဲ့တောင်မထိနဲ့"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now