"ဒါလေးကုန်အောင်စားလေ"
"ဟင့်အင်း ဗိုက်တင်းသွားပြီ "
"အင်းအင်းသဘော "
"ကိုကို့အသံကြီးကစိတ်ပျက်နေတဲ့အသံနဲ့ လက်ကျိုးနေလို့ မဟုတ်ရင်ကိုကို့ကိုတောင်ခွံ့ခိုင်းမနေဘူး"
"ကိုကိုကစိတ်ပျက်တယ်လို့မပြောမိပါဘူး ကလေးအစားအများကြီးမဝင်တော့ စိတ်မကောင်းဖြစ်ရုံသက်သက်ပဲ"
"အလျှောက်ကောင်းလို့ အထောင်းသက်သာ .. အပြောကောင်းလို့ စိတ်ကောက်သက်သာသွားတယ်မှတ်"
သူလည်း ကလေးပြောသမျှကိုရယ်သာရယ်လိုက်ပြီး စားပြီးသားပန်းကန်များသိမ်းဆည်းနေလိုက်သည်။ထိုစဉ် အခန်းထဲသို့ ဟျောင်းအီနှင့် ဒယ်ရှစ်ဆိုသည့် ကောင်လေးနှစ်ယောက်ဝင်လာလေသည်။
"ဟျောင်းအီ"
"Sunooo ဘယ်လိုလဲ သက်သာလား"
"အင်း သက်သာပါတယ် လက်ကျိုးပြီး ခေါင်းနည်းနည်းနာနေသေးတာကလွဲရင်.. မင်းတို့ကိုလည်း ကျေးဇူးတင်တယ်ကွာ"
"ဒယ်ရှစ်မြင်လို့ပေါ့ မဟုတ်ရင်သွားပြီ"
"ကျေးဇူးနော် ဒယ်ရှစ်"
ကလေးသူ့သူငယ်ချင်းများနှင့် စကားပြောနေသည်ကြောင့် သူလည်းမနှောင့်ယှက်ဘဲ ပန်းကန်များသိမ်းပြီး ဟျောင်းအီတို့အား ဧည့်ခံရန် သစ်သီးလှီးနေလိုက်သည်။ သို့သော် ဒယ်ရှစ်ဆိုသည့်ကောင်လေး၏စကားကြောင့် မျက်ခုံးတို့တွန့်ချိုးသွားရပြီး လှုပ်ရှားမှုတို့ပင်ရပ်တန့်သွားသည်။
"ဘာကျေးဇူးတင်စရာလိုလို့လဲ အချစ်ကလည်း"
"ခေါ်ပြန်ပြီ"
"ချစ်လို့ အချစ်လို့ ခေါ်တာလေ"
သူငယ်ချင်းအချင်းချင်းမို့ ကျောင်းမှာခေါ်တာအရေးမကြီးပေမယ့် အခုက ကိုကို့ရှေ့မှာ။ ကိုကိုက ပါးစပ်ကထုတ်မပြောသော်လည်း သဝန်တိုတတ်သူမှန်းသူသိသည်။ ပြူးပြလည်းမရ ဖြဲပြလည်းမရနှင့် တချစ်တည်းချစ်နေသည့် ဒယ်ရှစ်က စပ်ဖြီးဖြီး။
"ဟေ့ကောင်"
"ဘာတုန်း အချစ် ဘာစားချင်လဲ ငါသွားဝယ်ပေးမယ်လေ"
YOU ARE READING
ကိုကိုချစ်သော ကလေးငယ်(mine)
Fanfictionဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး ဘဝမှာ လက်ချိုးရေလို့ရတဲ့အမှားတွေထဲက မင်းကိုချစ်မိခဲ့တာ အလှပဆုံးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ချင်မိတဲ့အမှားပဲ ကလေး