part1(U+Z)

3.7K 91 1
                                    

zawgyi

'ခွမ်း' ဆိုတဲ့အသံကြားလို့liအပေါ်ထပ်မှာသူ့အင်္ကျီတွေမီးပူတိုက်နေရင်းကနေဆင်းပြီးကြည့်လိုက်တော့မြင်လိုက်ရတာတကယ့်ကို စိတ်ပျက်စရာ။liကိုယ်တိုင်သူ့အတွက်သေချာချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေဟာသိပ်ကိုသန့်ရှင်းသပ်ရပ်နေတဲ့ကြမ်းပြင်ပေါ်မှာပြန့်ကြဲလျက်သား။တချို့ပန်းကန်တွေဆိုအစိတ်စိတ်အမွှာမွှာကွဲနေလျက်။ဒီလထဲမှာပဲကွဲသွားတဲ့ပန်းကန်၊ပန်းအိုးတွေဆိုတာမရေမတွက်နိုင်အောင်ဘဲ။သူ့ကိုကြည့်လိုက်တော့သူဒေါသအတော်ထွက်နေပုံ။သူဒီလိုဒေါသထွက်နေတဲ့အချိန်ဆိုliသူ့ကိုကြောက်တယ်။သူ သူက jennie kim ပေါ့။သူကတချိန်တုန်းကဒီလိုကြမ်းတမ်းခြင်းလုံးဝမရှိသိပ်ကိုနူးညံ့တဲ့သူ။liအပေါ်ကိုလည်းအရမ်းကြင်နာတတ်တဲ့သူ။အကယ်၍ပြသနာတွေသာမရှိခဲ့ရင်liတို့ကသိပ်ကိုခင်မင်ကြတဲ့သူငယ်ချင်းတွေပေါ့။အမှားတစ်ခု။liအဖေရဲ့အမှားတစ်ခုကိုဝင်ကူညီဖြေရှင်းပေးဖို့ကြိုးစားခဲ့တယ်။အဲ့လိုသာမကူညီခဲ့ရင်သူနဲ့liဟာအရင်တိုင်းအခင်မင်ဆုံးသူငယ်ချင်း​တွေပဲဖြစ်နေကြမှာ။လွန်ခဲ့တဲ့တစ်လကစလို့သူနဲ့liရဲ့ဆက်ဆံရေးတွေအားလုံးပြောင်းလဲကုန်တယ်။အခုတော့ကိုယ်ကသူ့အတွက်အရမ်းကိုမုန်းစရာကောင်းတဲ့မိန်းမပေါ့။

jen "ဒီဟင်းတွေကအဲ့ဒီlalisaဆိုတဲ့မိန်းမချက်ထားတဲ့ ထမင်းဟင်းတွေမဟုတ်လား သမီးလုံးဝမစားဘူး"

mrs kim"jennie kimနင်ဘယ်လိုလုပ်လိုက်တာလဲဟင်။မအေကောင်းစေချင်လို့စီစဉ်ထားတဲ့ကိစ္စကိုနင်ဖျက်လိုဖျက်စီးမလုပ်နဲ.။"

jen "မာမီမြင်တဲ့အတိုင်းဘဲjenသဘောမကျတဲ့အလုပ်တွေကိုလုပ်နေသရွေ့ jen လည်းလုပ်ချင်တာလုပ်မှာပဲမာမီ။"

Granny kim "ကဲမြေးရယ် စိတ်လျှော့ပါကွယ် မြေးကောင်းစေချင်လို့ဖွားတို့စီစဉ်လိုက်တာပါကွယ်။"

Jen "ဖွားလဲမာမီနဲ့တူတူပဲ မြေးမလိုချင်တဲ့ကိစ္စကိုအတင်းကျပ်လုပ်တယ်။အဲ့ဒီ့lalisa ဆိုတဲ့မိန်းမကြောင့်jenစီစဉ်ထားတာတွေအကုန်လုံးရှုပ်ကုန်ရပြီ။အခုဆို jenမှာ chahee နဲ့သူ့မိဘတွေကိုအားနာလွန်းလို့ဘယ်လိုလုပ်ရမလဲ။ဖွားတို့လုံးဝမမိုက်ဘူး။jen ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုလဲမ​လေးစားဘူး။အဲ့မိန်းမကိုjenနဲ့ဝေးဝေးနေခိုင်း"

FORGIVENESSWhere stories live. Discover now