part12(U+Z)

1.4K 53 6
                                    

Zawgyi

ဒီ​နေ့ကသူ့ရဲ့tae oppaနဲ့ချိန်းထားတဲ့ရက် စိတ်မချတာ​ကြောင့်ကိုယ်တိုင်လိုက်သွားဖြစ်တယ်။အခုလဲကြည့်လေဝတ်နေကျ ဂါဝန် မဟုတ် skirtဝတ်ထားတဲ့သူမ။အဲ့လိုတွေကြောင့်ကိုယ်စိတ်မချတာ။ပြီးတော့ အဲ့လူရဲ့ပုံစံအခြေနေကိုပါအကဲခတ်ချင်တာကြောင့်သူမနဲ့အတူလိုက်သွားဖြစ်တယ်။အဲ့လူရဲ့အိမ်ကိုသူမလမ်းညွှန်ပေးတာကြောင့် သွားရတာပိုမြန်သွားတယ်။

စရောက်ကတည်းကliရဲ့လက်ကိုမလွှတ်။နောက်တော့jenလဲ liရဲ့သူငယ်ချင်းတွေနဲ့အဆင်ပြေသွားတဲ့ပုံ။သူငယ်ချင်းဆိုပေမယ့်အများကြီးမဟုတ် jkရဲ့ bandmateတွေနဲ့ somi iu unnieလောက်ပဲရှိတာ။ဒါမဲ့သူ့ပုံကtae oppaကိုသိပ်မကြည်သေးတဲ့ပုံ။ပြီးတော့ဖုန်းလာတာနဲ့သူအပြင်ကိုထွက်ပြီးသွားပြောတယ်။

somi"liရေ နင်ပြောတော့သူကနင့်ကိုမချစ်ဘူးဆို။အခုတော့ကြည့်ပါဦး ရောက်ကတည်းကလက်ကိုလုံးဝအလွှတ်ဘူး။"
somiပြောလဲပြောချင်စရာ မုန့်စားတဲ့အချိန်မှာတောင်liရဲ့ပုခုံးကိုဖက်ထားပြန်တယ်။သူဘာတွေဖြစ်နေတာလဲ။သေချာတာကသူ liအပေါ်ဆက်ဆံရေးတွေပြောင်းလဲလာတယ်။နောက်တော့somiက မီးဖိုချောင်ထဲမှာရေသွားသောက်မယ်ဆိုပြီးထသွားတဲ့အချိန် tae oppaရောက်လာပြီးကျောင်းကိစ္စတွေမေးတယ်။liလဲစကားပြောရင်းအအေးသောက်လိုက်တာကြောင့် သီးသွားတယ်။

li"အဟွတ် အဟွတ်"

tae "ရရဲ့လားli ရော့ရေသောက်လိုက် ဖြေးဖြေးသောက်တာမဟုတ်ဘူး"ဆိုပြီးliရဲ့ကျောကိုခပ်ဖွဖွပွတ်ပေးပြီးရေခွက်ကမ်းပေးတယ်။အဲ့အချိန်မှာပဲjenရောက်လာတယ်။ပြီးတော့tae oppaကိုဆောင့်တွန်းလိုက်တာကြောင့် ခုံပေါ်ကနေဖင်ထိုင်ရက်ကိုလဲကျသွားတယ်။

li"jen"

tae"မင်းငါ့ကိုဘာလို့တွန်းတာလဲ"

jen"ဘာလို့တွန်းတာလဲဟုတ်လား။မင်းရဲ့ လက်တွေကငါ့မိန်းမရဲ့ပုခုံးပေါ်မှာဘာလို့ရှိနေရတာလဲ။ငါဖုန်းလေးခဏထွက်ပြောတာကိုအခွင့်ကောင်းယူနေတာလေ။"

tae"အခွင့်ကောင်းယူတယ်ဟုတ်လား။liအအေးသီးသွားလို့ရေတိုက်ပြီးကျောကိုပွတ်ပေးနေတာကွ"တဖြေးဖြေးနဲ့ကျယ်လာတဲ့သူတို့အသံကြောင့်တခြားသူတွေရောkookieပါရောက်လာတယ်။

FORGIVENESSWhere stories live. Discover now