Zawgyi
မနက်ဆိုမနက်ပိုင်း ညဆိုလဲညအလျှောက်တာဝန်ကျေလွမ်းတဲ့ jenကိုကြည့်ရင်း liစိတ်ထဲ တကယ်ကျေနပ်ရပါတယ်။ဒါပေမယ့်လဲliသူ့ကိုအလုံးစုံမယုံရဲသေးတာအမှန်ပါ။
jen"babyရေ ကိုယ်ဒီမှာဘာတွေဝယ်လာလဲ လာကြည့်ပါဦး"ဆိုပြီးအခန်းထဲကိုဝင်လာတယ်။မနက်ကတည်းက ဘယ်ကိုပျောက်သွားမှန်းမသိတဲ့သူ့ကို liစိတ်ကောက်နေမိတယ်။ကိုယ်ဝန်စဆောင်ကတည်းက စိတ်ကအမြဲပုံသေရယ်လို့မရှိ။သားစိတ်ကြောင့်ထင်တယ်။
တစ်ခါတစ်လေ အရမ်းဝမ်းနည်းပြီးငိုချင်လာတယ်။တစ်ခါတစ်လေဆိုလဲအားငယ်လာပြန်ရော။အမြဲတမ်းနီးပါးကတော့ သူ့ကိုတချန်လုံးလိုပ်ကြည့်ပြီးရစ်ချင်နေတာ။ဘာလို့မှန်းမသိပေမယ့် သူ့ကိုမြင်ရင် စိတ်ကအလိုလိုကိုကောက်ချင်နေတာ။ဒါမဲ့သူအနားမှာမရှိချိန်ဆိုလဲ ကိုယ့်ကိုပဲစိတ်ကုန်သွားပြီလား chaheeဆီပဲရောက်သွားပြီလားဆိုတဲ့အတွေးတွေကအမြဲရောက်လာတယ်။
ကုတင်ပေါ်မှာပစ္စည်းတွေကို တစ်ခုပြီးတစ်ခုထုတ်နေတဲ့သူ့အနားကိုသွားလိုက်ပြီး
li"ဘာလို့အရမ်းအော်နေရတာလဲ။ဒီမှာ toiletလေးထဲဝင်နေတာကို။နောက်ပြီးမေးရဦးမယ် ကျမခဏလေးအိပ်နေတုန်းကို ရှင်ဘယ်ရောက်သွားတာလဲ။ရှင် chaheeဆီသွားနေပြန်ပြီလား။"
jen"ဟာ မဟုတ်တာ။ကိုယ်ကဒီမှာပစ္စည်းလေးတွေခဏလေးသွားဝယ်တာပါ"
li"တွေ့လား ရှင်ကျမကိုစိတ်မရှည်တော့ဘူး။ရှင် ရှင်chaheeဆီကိုသွားနေတာမလား။"
ရှင်းပြမလို့ကြံကာရှိသေးတရှုံ့ရှုံနဲ့ငိုလာတဲ့သူမကြောင့် jenပြာသွားတယ်။
jen"babyရယ်မငိုပါနဲ့။ခဏလေးပါနော်ကိုယ်ပြောပြမယ်။ပထမဦးဆုံး ခောင်းမော့ပါဦး မျက်ရည်တွေအရင်သုတ်ပေးမယ်"
Night standပေါ်က tissue boxထဲက tissueလေးထုတ်ပြီးငိုနေတဲ့ သူမရဲ့မျက်ရည်လေးတွေကိုအရင်သုတ်ပေးလိုက်တယ်။အရင်ကဆိုကိုယ်ဆိုးသလောက်ကို ဘာမှပြန်မပြောဘဲအနစ်နာခံ လျှစ်လျူရှုတတ်တဲ့သူမလေးက ကိုယ်ဝန်ရှိကတည်းက အနဲငယ်ရစ်တတ်လာတယ်။ကိုယ့်မှာအလုပ်တွေကိုတောင် ရုံးကိုအသွားဘဲ အတွင်းရေးမှူးyeonဆီကနေ mailတွေတောင်းပြီးလုပ်ရတယ်။
YOU ARE READING
FORGIVENESS
Randomနင်းခြခံရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေရှိတယ်။အဲ့လိုပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာရဲ့နောက်ကွယ်မှာလဲ ကြွေမွသွားတဲ့နှလုံးသားတွေရှိတယ်။ lalisa နင်းခြခံလိုက်ရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းေတွရှိတယ်။ အဲ့လိုပဲခွင...