Zawgyi
jennie အပြန်တွေးလာတာက အိမ်ရောက်တဲ့အခါ babyနဲ့အိမ်သားတွေကို chaheeနဲ့ပတ်သတ်တဲ့ကိစ္စကိုဘယ်လိုပြောရမလဲမသိ။သို့သော် babyကိုလဲကွယ်ဝှက်မထားချင်တာကြောင့် ပြောဖြစ်အောင်တော့ပြောရမည်။
Flash Back
jenရုံးခန်းထဲကနေတံခါးခေါက်သံကြားတော့ဝင်ခွင့်ပြုလိုက်တယ်။နောက်တော့ chaheeကဝင်လာတော့ jenလဲဆိုဖာမှာထိုင်ခွင့်ပြုလိုက်တယ်။
jen" ဘာကိစ္စရှိလို့လဲ chahee"
cha"အကူညီလေးတောင်းချင်လို့ပါ jenရယ်"
jen"အကူညီ?"
cha" ဒီလိုပါ jenရယ်။chaကအခု မိဘတွေလဲမရှိတော့ဘူး တစ်ယောက်တည်းလဖြစ်တော့ နဂိုအိမ်ကြီးကိုရောင်းလိုက်ပြီ တိုက်ခန်းတစ်ခုဝယ်နေတယ်။အဲ့တာရောင်းလိုက်လို့ပိုတဲ့ ဝမ်သိန်း၆၀၀၀ကို ရှယ်ယာဝင်ထားချင်လို့ပါ။အဲ့တာကူညီပေးပါလားဟင်"
jen"ပြောရမှာ အားနာလိုက္တာchaheeရယ်။ဒါမဲ့ပြသနာတွေဖြစ်ထားတာကမကြာသေးတော့ companyဖက်ကလဲအတော်အကြပ်ရိုက်နေတယ်။နောက်ပြီး ဦးလေးရဲ့ပြသနာတွေလဲရှိထားတော့..."
cha"သိပါတယ် jenရယ်။ဒါမဲ့ chaဘက်မှာလဲအတော်ဒုက္ခရောက်သွားလို့ပါ။ငယ်ငယ်တည်းက ဘာအလုပ်မှလဲမလုပ်ခဲ့တော့အခု တစ်ယောက်တည်းဆိုတော့ဘာလုပ်ရမှန်းတကယ်ကိုမသိလို့ jenကိုအပူကပ်ရတာပါ။ပြီးတော့ တခြားနေရာတွေကလဲ ဇေဖေ့ရဲ့အမည်ပေါက်ကိုလက်မခံကြဘူး။"
မျက်ရည်တွေဝဲ ပြီးပြောလာတဲ့ chaheeကိုကြည့်ပြီးအတော်စိတ်မကောင်းဖြစ်သွားတယ်။
jen"ကိုယ်တစ်ယောက်တည်းဆုံးဖြတ်ချက်ချလို့ရတဲ့ကိစ္စမဟုတ်ဘူး chaheeရဲ့"
cha"ဖြစ်နိုင်ရင်ကူညီပေးပါ jenရယ်"
jen"ကိုယ်ပြောကြည့်ပေးမယ်လေ"
cha"ကောင်းပါပြီjen။ဒါဆို ပြန်လိုက်ဦးမယ်နော်"ဆိုပြီးအထမှာ သူ့အိတ်ကလက်ကလွတ်ကျသွားတယ်။သူ့ရဲ့ပစ္စည်းတွေလပြန့်ကျဲကုန်တယ်။jenလဲမနေနိုင်တော့ဝိုင်းကူပြီးကောက်ပေးလိုက်တယ်။
အဲ့ဒီ့မွာ နှစ်ကြောင်းပေါ်နေတဲ့ ဆီးစစ္တံ တစ်ချောင်းကိုတွေ့ရတယ်။jenသိတယ်အဲ့တာ ကိုယ်ဝန်စစ်တဲ့အခါမှသုံးရတာ။
YOU ARE READING
FORGIVENESS
Randomနင်းခြခံရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေရှိတယ်။အဲ့လိုပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာရဲ့နောက်ကွယ်မှာလဲ ကြွေမွသွားတဲ့နှလုံးသားတွေရှိတယ်။ lalisa နင်းခြခံလိုက်ရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းေတွရှိတယ်။ အဲ့လိုပဲခွင...