Zawgyi
မနက်ခင်းနိုးကတည်းကတက်ကြွနေတဲ့ jenကိုမာမီတို့ကအမြင်မကြည်ပါ။
Mrs Kim"ကဲ jennie kim မာမီတို့မနက်စာ အေးဆေးစားပါရစေကွယ်။ညကလဲ မင်းဒုက္ခပေးလို့ကောင်းကောင်းအိပ်ရေးဝတာမဟုတ်ဘူး"
ရှေ့နောက်လျှောက်နေတဲ့jenကိုမာမီပြောတော့ခပ်ငြိမ်ငြိမ်လေးပြန်နေလိုက်ရတယ်။မနက်စာ စားလို့ပြင်ဆင်ပြီး babyတို့အိမ်ကိုကားအမြန်မောင်းလိုက်တယ်။
Mr Mano"လာမယ်ဆိုတာကြိုသိရင် ကျနော်ကိုယ်တိုင်လာကြိုမှာပေါ့ ခမည်းခမက်ရယ်"
Mr Kim"မဟုတ်တာပဲ ပြီးတော့လာရင်းကိစ္စကလဲကလေးတွေကိစ္စပါပဲ"
Mrs Kim"ရှေ့မျက်နှာနောက်ထားပြီးပဲပြောရမှာပါပဲ jenလေးကအပြစ်လုပ်ထားတော့ liလေးကစိတ်ဆိုးပြီးအိမ်ပေါ်က ဆင်းသွားတယ်လေ။အဲ့တာ ဒီမှာနေမသိထိုင်မသာနဲ့ သူ့မှာ မီးခဲကိုတက်ထိုင်ထားသလိုပဲ သူတစ်ယောက်တည်းကျတော့လည်း မသွားရဲဘူးတဲ့လေ။မနက်ဖြန်သွားခေါ်ပေးမယ်ဆိုတော့လဲ တစ်ညလုံးမအိပ်ပဲစောင့်နေလေရဲ့။"
မာမီက jenရဲ့အဖြစ်ကိုဖောက်သည်ချနေတဲ့တစ်လျှောက်လုံးjenကတော့စိတ်မငြိမ်နိုင်။လက်ဖဝါးတွေကိုပဲအကြောင်းမဲ့ ပွတ်သတ်နေရင်းနဲ့ အပေါ်ထပ်ကဆင်းလာမည့်ပုံရိပ်ကလေးကိုပဲ လှမ်းမျှော်နေလိုက်တယ်။
Mrs Mano"အော် သမီးliတောင်နိုးလာပြီပဲ ကဲလာဖြစ်တဲ့ပြသနာကိုရှင်းကြ"
သူမကတော့အူကြောင်ကြောင်လေးနဲ့ကိုယ်တွေကိုရပ်ကြည့်နေပြန်တယ်။
Mrs M"ဟဲ့သမီးလာလေ"
liလဲဝင်ထိုင်လိုက်ရော
Mr Kim"ကဲသမီး li ဖြစ်ခဲ့တဲ့ပြသနာတွေမှာ jennie kimက မှားတယ်ဆိုတာကို daddyတို့သိပါတယ်။သူလဲအခုနောင်တတွေရနေပါပြီသမီးရယ်။အဲ့တာသူက သမီးနဲ့မိဘတွေကိုတောင်းပန်ပြီးသမီးကိုပြန်ခေါ်သွားချင်လို့တဲ့။ပြီးတော့ daddyကိုယ်တိုင်လဲနောက်တစ်ခါမဖြစ်စေရဘူးလို့ ကတိပေးပါတယ် သမီးရယ်"
li" အဲ့နေ့က liအိမ်ပေါ်ကဆင်းလာတယ်ဆိုတာက kai oppaနဲ့အကြောင်းဆိုတာထက် တခြားအကြောင်းရာတွေရှိသေးတယ် daddy။"
YOU ARE READING
FORGIVENESS
Randomနင်းခြခံရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေရှိတယ်။အဲ့လိုပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာရဲ့နောက်ကွယ်မှာလဲ ကြွေမွသွားတဲ့နှလုံးသားတွေရှိတယ်။ lalisa နင်းခြခံလိုက်ရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းေတွရှိတယ်။ အဲ့လိုပဲခွင...