part 13(U+Z)

1.4K 57 8
                                    

Zawgyi

    ကားပေါ်ကနေဆင်းကတည်းကjenကသူ့ရဲ့အပေါ်ထပ်coatကို liရဲ့ပခုံးအပေါ်ကိုထပ်လွှားပေးထားတယ်။ပြီးတော့ခါးကိုလက်တစ်ဖက်နဲ့ဖက်ထားပြီး ပွဲထဲကိုဝင်လာခဲ့တယ်။

       ပွဲကရှယ်ယာရှင်ပွဲလို့အမည်တပ်ထားခဲ့ပေမယ့်လည်းလုပ်ငန်းရဲ့အရေးပါတဲ့အပိုင်းကိုတာဝန်ယူထားတဲ့ အခြားမန်နေဂျာအချို့နဲ့ အဖွဲ့မှူးတွေလဲပါသေးတယ်။ jenတို့ပွဲထဲကိုဝင်လာတော့လူအကုန်နီးပါးရောက်နေပြီဖြစ်တယ်။liကိုတော့စိတ်မချလို့ ခါးကနေဆွဲပြီးဖက်ထားလိုက်တယ်။ဒါကြောင့်ပွဲထဲဝင်လာထဲက liကိုစူးစူးရဲရဲကြည့်နေတဲ့ ယောက်ျားသားအချို့က မျက်လွှာချသွာတယ်။ဟုတ်တယ်လေ companyတစ်ခုလုံးရဲ့ceoဇနီးကို ဒီလိုမျက်လုံးတွေနဲ့လာကြည့်လို့ရလာမည့်ရလာဒ်က ထမင်းအိုးကွဲသွားတာထပ်ပိုဆိုးသွားမှာပေါ့။

         နောက်တော့ jenရဲ့ secretary ကပဲjenတို့ထိုင်ရမည့်ဝိုင်းကို လာပြီးလမ်းပြပေးတယ်။နောက်တော့မှသိတာကchaheeလဲ ကိုယ်နဲ့တဝိုင်းထဲထိုင်နေတယ်ဆိုတာကိုပေါ့။ပြီးတော့ Mr Songကလဲသူ့သားကိုခေါ်လာတယ်။မဖြစ်တော့။liကိုဒီဝိုင်းမှာထားခဲ့လို့မဖြစ်။ chaheeအပြင် ဟိုMr Songရဲ့သားဖြစ်တဲ့သူကလဲပွဲထဲဝင်လာတည်းကliကိုလိုက်ကြည့်နေတာမျက်လုံးကျွတ်မတတ်။

        အဲ့တာနဲ့မိန့်ခွန်းပြောရမယ့်jenကliကိုပါစင်ပေါ်ကိုခေါ်သွားလိုက်တယ်။

jen"အားလုံးပဲ ဒီညကျင်းပတဲ့ရှယ်ယာရှင်များ ညစာစားပွဲမှာ jenစကားအနဲငယ်ပြောချင်ပါတယ်။"

jen"ဒါကတော့တခြားမဟုတ်ပါဘူး။ဖေဖေ့ရဲ့accident caseဖြစ်ပြီးတဲ့နောက်မှာ jen ceoအဖြစ်တာဝန်ယူခဲ့ပါတယ်။ဒီတာဝန်ယူပေးနေတဲ့အပိုင်းအခြားမှာ jenကိုလက်တွဲကူပေးခဲ့တဲ့လူကြီးမင်းများနဲ့ ဝန်ထမ်းများကိုကျေးဇူးအထူးတင်ကြောင်းပြောချင်လို့ပါ။နောက်ပြီး လကုန်မှာထပ်မံပြီးထုတ်လုပ်မယ့်ကုန်ပစ္စည်းအသစ် အတွက်ကြိုးစားပေးခဲ့တဲ့ သူတွေကိုလဲဆုချီးမြှင့်ချင်တာလဲပါပါတယ်။ နောက်ဆုံးအနေနဲ့ jenအခုထိတရားဝင်မိတ်မဆက်ပေးရသေးတဲ့ jenရဲ့ဇနီး lalisa kimနဲ့အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။"

FORGIVENESSWhere stories live. Discover now