Zawgyi
li"သူအဆင်ပြေပါ့မလား မာမီရယ်။သမီးစိုးရိမ်လွန်းလို့သေတော့မယ်"
Mrs Kim"ဘာမှမဖြစ်ပါဘူး သမီးရယ်။jenလေးက ကြံ့ခိုင်ပါတယ်။ငါ့သမီးလေး ကိုယ့်ကိုယ်ကို လဲဂရုစိုက်ပါဦး ။ကိုယ်ကမပေါ့မပါးကြီးနဲ့ ကိုယ့်ရဲ့ကိုယ်ဝန်ကိုသာဂရုစိုက်စမ်းပါ။"
li" သမီးအရမ်းစိုးရိမ်လို့ဖြစ်သွားတာပါ မာမီရယ်။သူလေ သမီးနဲ့ကလေးလေးကို ပစ်မသွားပါဘူးနော်။"
Mrs Kim"အော် ငါ့သမီးရယ် သမီးလဲ ဆရာဝန်လောင်းပဲလေ သူရတဲ့ဒဏ်ရာကအဲ့လောက်ကြီးတာလဲမဟုတ်ပါဘူး။ဆရာဝန်တွေကလဲသေချာလုပ်ကိုင်ပေးနေတာပဲလေ သမီးရယ်။မာမီ့ကလေးလေးကသန်မာပါတယ် သမီးရယ်။"
ဒီအချိန်မှာ liဘာကိုမှမတွေးနိုင်တော့ပါ။သူကလွဲပြီးစိတ်ထဲမှာဘာမှမရှိတော့ဘူး။ဆေးပညာကိုဘယ်လိုပဲလေ့လာဆည်းပူးနေတဲ့သူပဲဖြစ်ပါစေ ကိုယ့်ရဲ့သက်ဆိုင်သူအသက်အန္တရာယ်နဲ့ကြုံရချိန်မှာတော့ အားလုံးဒီလိုဖြစ်ကြမှာပဲလေ။ကလေးလေးရေ ပါပါးကို မားဆီပြန်ခေါ်လာပေးပါနော်။
Doc lu"ကဲ သမီးliရေ ဆရာတို့အကောင်းဆုံးဖြစ်အောင်ကုသပေးထားမို့လို့အရမ်းစိတ်မပူနဲ့တော့။လူနာရဲ့ဒဏ်ရာကိုသေချာပိုးသတ်ဆေးသုံးပြီး ချုပ်ပေးထားတယ်။ချုပ်တာကလဲဆရာကိုယ်တိုင်ပဲ။အဲ့တာကြောင့်မပူနဲ့တော့။"
li"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ဆရာ"
Doc lu" ဆရာက ဒီနှစ်အတန်းပြန်စတော့ သမီးကျောင်းနားထားတယ်ဆိုပြီးပဲသတင်းကြားတာ။ကိုယ်ဝန်ဆောင်တာကိုတော့ မကြားလိုက်ဘူး"
li"ဟုတ်တယ်ဆရာ ကလေးကလဲပထမက ယူဖို့အစီစဉ်မရှိကြသေးပါဘူး။"
Doc lu"စောစောယူထားတော့လဲ ကောင်းပါတယ်။နောက်ပိုင်းကျဆေးရုံတစ်ဖက်နဲ့အဆင်မပြေတော့ဘူးလေ"
li"မာမီ ဒါက liတို့ကျောင်းမှာတန်းပြပြန်လုပ်ပေးနေတဲ့ ဆရာluလေမာမီရဲ့။ဆရာကဒီဆေးရုံမှာလည်း ခွဲစိပ်ဌာနရဲ့ဌာနမှူးလေ။honeyကိုလဲဆရာပဲ ကုသပေးတာလေ။"
Mrs Kim"ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။"
Doc lu"ရပါတယ်။liဆိုတာကလဲကျောင်းမှာအကိုးရတဲ့တပည့်တစ်ယောက်။စာလဲအရမ်းတော်တာ။ကဲ သမီးliရေ ဆရာနောက်လူနာတွေစစ်ဆေးစရာရှိသေးလို့ ဆရာသွားလိုက်ဦးမယ်။ jennie kimကိုတော့ စိတ်ချရလို့အခန်းပြောင်းပေးလိုက်ပြီ။nurseနဲ့လွှဲလိုက်ပြီနော်။သမီးတို့ကြည့်ချင်ရင်သွားကြည့်လို့ရပြီ။လူနာကသွေးဆုံးရှုံးထားလို့ နားနေတာ။နောက်တစ်နာရီလောက်ဆို သတိရပြီ။"
YOU ARE READING
FORGIVENESS
Randomနင်းခြခံရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေရှိတယ်။အဲ့လိုပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာရဲ့နောက်ကွယ်မှာလဲ ကြွေမွသွားတဲ့နှလုံးသားတွေရှိတယ်။ lalisa နင်းခြခံလိုက်ရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းေတွရှိတယ်။ အဲ့လိုပဲခွင...