Zawgyi
Five years later
မနက်ခင်းနိုးလာချိန်၌jenတို့နှစ်ယောက်ကြား မှာရှိနေတဲ့ကလေးသေးသေးလေးကိုကြည့်ရင်းပျော်မိတယ်။jenတို့ဘဝထဲသမီးလေးရောက်လာတာနှစ်နှစ်ပြည့်တဲ့နေ့လေ။အဲ့အချိန်တစ်ဖက်ကကလေးလေးကလဲနိုးလာတယ်။ပြီးတော့သမီးကိုကြည့်တယ်။ပြီးတော့ jenကိုကြည့်ပြီးပြုံးပြလာတယ်။
li"morning honey "
jen"morning baby.ပြီးတော့ happy six years anniversary နော်"လို့ဆိုပြီးသူမလေးရဲ့နှဖူးလေးကိုနမ်းလိုက်တယ်။ပြီးတော့သမီးအိပ်နေတယ်လေဆိုတဲ့ပုံမျိုးလုပ်ပြနေတာကြောင့်ကလေးလေးကိုဒီဖက်တိုးပြီး jenကအလယ်ကိုဝင်လိုက်တယ်။ပြီးတော့ သူမရဲ့မျက်နှာလေးကိုဆွဲယူပြီးတော့ အနမ်းတွေတရဆက်ပေးနေမိတယ်။တစ်ကယ်ပါခြောက်နှစ်ကြာသွားတာတောင်ဒီနှုတ်ခမ်းရဲ့အနမ်းတွေကိုဆက်ပြီးတပ်မက်နေတုန်းပဲ။
li"ဟင်း.....တော်ပြီလေသမီးနိုးသွားဦးမယ် ပြီးတော့ ပြင်ဆင်ရဦးမယ်လေ"
jen"ခဏပဲလေကွာ"
li"ဟင့်အင်းမရဘူးနော် honeyရဲ့ခဏကကြောက်စရာကောင်းတယ်မရဘူးနော်"
jen"ပိစိလေးပဲလေနော်"
li"ဟင်း...."သက်ပြင်းတွေချနေတဲ့သူမကိုအတင်းချုပ်ပြီးနမ်းမလို့လုပ်နေတုန်း
"ဒုန်း ဒုန်း"
liam kim"ပါးပါးရေ မားမားရေ"
လာပြီဒီအဖျက်လေး။ကောင်းခန်းရောက်ပြီဆိုအမြဲပဲဖျက်နေတဲ့အဆိုးဆုံးလေး။ဟုတ်တယ် အဲ့ကောင်လေးက jenနဲ့ babyတို့ရဲ့ပထမဆုံးသားလေးပေါ့။သားလေးကအခုငါးနှစ်ပြည့်တော့မယ်။သားလေးနှစ်နှစ်အရွယ်လောက်မှာပဲသမီးလေး laural kimကိုမွေးခဲ့တယ်။သမီးလေးက jenဆန္ဒအလျှောက်မွေးခဲ့တာ။ပထမဦးဆုံး ကလေးလေးလဲ ဖြစ်အလိုလဲလိုက်ခံရတဲ့ liamလေးက သုံးနှစ်အရွယ်လောက်ကတည်းက သူ့ကိုယ်ပိုင်အခန်းလေးကိုဖွားဖွားကလုပ်ပေးထားတယ်။jenတို့ရဲ့မျက်နှာချင်းဆိုင်မှာပါပဲ။
တစ်ခုပဲအဲ့အဆိုးလေးက သူ့အမေမှသူ့အမေ။jenတို့သမီးလေးကိုကိုယ်ဝန်ယူတုန်းကဆို ကိုယ်ဝန်ရင့်လို့ ဗိုက်ကလေးပူပူလာလေ jenကိုပိုပြီးသူကဆူတတ်သေးတာ။မွေးတဲ့နေ့ရောက်လို့ jenကစိတ်ပူရမလားအောက်မေ့ပါတယ်။အဲ့အသက်သုံးနှစ်လေးက သူ့မေမေဗိုက်နာလို့တစ်ခါအော်တိုင်းသူပါလိုက်ငိုတာ။မွေးခန်းရှေ့မှာ မာမီတို့ရောjenပါအတော်ဒုက္ခရောက်သွားတာ။
YOU ARE READING
FORGIVENESS
Randomနင်းခြခံရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းတွေရှိတယ်။အဲ့လိုပဲခွင့်လွှတ်ခြင်းဆိုတဲ့အရာရဲ့နောက်ကွယ်မှာလဲ ကြွေမွသွားတဲ့နှလုံးသားတွေရှိတယ်။ lalisa နင်းခြခံလိုက်ရတဲ့မာနတွေရဲ့နောက်ကွယ်မှာ ပြိုလဲခြင်းေတွရှိတယ်။ အဲ့လိုပဲခွင...