အပိုင်း (၁၂၀၂) - ရှေးဟောင်းစစ်မြေပြင်၏ နှလုံးသားကိုရှာဖွေခြင်း

2.5K 244 1
                                        

Zawgyi


"စိုးရိမ်ဖို့မလိုပါဘူး ဒီအတိုင်းကန့်သက်ချက်တစ်ခုထားလိုက်တာပါ" ချင်ယိ ပြောလိုက်သည် "ဒီကန့်သက်ချက်က ပုံမှန်ဆို မင်းတို့ဘာမှမဖြစ်ဘူး ဒါပေမဲ့ ငါတို့အကြောင်းပြောမယ်လို့လုပ်တာနဲ့ မင်းတို့ လှုပ်ရှားမှုကို ကန့်သက် သွားလိမ့်မယ် ပထမဆုံးအနေနဲ့ စကားပြောတာကို တားဖြစ်လိမ့်မယ် ဒါပေမဲ့ နောက်တစ်ခါ လုပ်မယ်ဆိုရင်တော့ မင်းတို့အသက်ကိုယူလိမ့်မယ်" စီနီယာ အကြီးအကဲနှင့်တခြားသူများ၏ မျက်နှာထားသည် ပြောင်းလဲသွားလေသည်။ ဒါ သူတို့ကို မယုံတာရှင်းနေတာပဲ။

"တစ်ယောက်မှကို မပြောရဘူးလား" တစ်ယောက်က မေးလိုက်သည်။

"တစ်ယောက်မှကို ပြောလို့မရဘူး တစ်ယောက်မှကို" ချင်ယိသည် ရှီမာယူယူကို ကြည့်လိုက်ရာ သူမသည် သူ့ကို ဝိညာဉ်စေတီထဲပြန်ထည့် ထားလိုက်ပြီး ရှီမာလွီဖန်ဘက်လှည့်လိုက်သည် "ဦးလေးလွီယွင် ဦးလေး လွီဖန် တခြားမရှိတော့ရင် ကျွန်မတို့မောင်နှမသွားတော့မယ်"

"ကျုပ်တို့နဲ့ ခရီးမဆက်ဘူးလား" စီနီယာအကြီးအကဲ မေးလိုက်သည်။

"မဆက်တော့ပါဘူး လုပ်စရာလေးတွေရှိလို့ပါ" ရှီမာယူယူသည် တိုက်ရိုက်ပင် ငြင်းဆန်လေသည်။

"ဘာလုပ်စရာလဲ ကျုပ်တို့ကူညီနိုင်မလား" စီနီယာအကြီးအကဲ ပြုံးပြီး မေးလိုက်သည် "ဒီနေရာက မင်းတို့လူနည်းနည်းနဲ့ဆို အန္တရာယ်များတယ် အရမ်းအန္တရာယ်ထားတယ်"

"ဘယ်လိုလုပ်လုပ်ခိုင်းရမှာလဲ" ရှီမာယူယူ ပြောလိုက်သည် "ဒါက ကျွန်မတို့ ကိုယ်ရေးကိုယ်တာကိစ္စပါ အကြီးအကဲတို့ကို ဆွဲမချချင်ပါဘူး"

"ဆွဲချတာ မချတာမပြောနဲ့လေ မင်းက ငါတို့ရှီမာမျိုးနွယ် တစ်စိတ် တစ်ပိုင်းပဲလေ မင်းရဲ့ဝန်ထုတ်ဝန်ပိုးကိုသေချာပေါက် ကူညီရမှာပေါ့" စီနီယာ အကြီးအကဲပြောလေသည်။

ရှီမာယူယူသည် စိတ်ထဲမှရယ်မိလိုက်သည်။ သူမက ရှီမာမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဟုတ်လား သူမက ဘာလို့ မသိရတာလဲ။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7Where stories live. Discover now