Zawgyi
အပိုင်း (၁၁၆၁) – ယိယွမ်အန္တရာယ်ကျရောက်ခြင်း
ဂူထဲတွင် ရင်ဇင်းသည် ရှီမာယူယူ၏ နှောင့်ယှက်ခြင်းကိုခံရလေသည်။ သူသည် အလွန်မွန်ထူနေလေပြီ။ သူ ဂူသို့ပြန်ချိန်တွင် မိန်းကလေးများ ငိုနေ ကြသည့် မြင်ကွင်းကိုမြင်လိုက်ရလေသည်။ သူ ဒေါသထွက်ကာ ဟိန်းဟောက် လိုက်သည် "ငိုမနေနဲ့" ဒါဇင်ကျော်သောမိန်းကလေးများသည် ဆဲဆိုခြင်းခံလိုက်ရလေသည်။ တချို့မှာ ပါးစပ်ပိတ်သွားသော်လည်း တချို့မှာ ကြောက်ရွံ့မှုကြောင့် ပိုငိုကြလေသည်။
အငိုဆုံးသူမှာ ဖျက်ဆီးခံလိုက်ရသော် မိန်းကလေးပင်ဖြစ်သည်။
"မငိုနဲ့လို့ပြောနေတယ်လေ" ရင်ဇင်းသည် ထိုမိန်းကလေးကို အော်ငေါက်ပြီးချိန်တွင် အင်အားထပ်တိုးသွားလေသည်။
"ဖူး..."
ထိုမိန်းကလေးသည် ပါးစပ်အပြည့်သွေးအန်လေသည်။ သူမ၏ မျက်နှာ မှ သွေးများထွက်လာပြီး မျက်လုံးများ ပြူးကျယ်လာသည်။ သူမသည် မယုံနိုင် စွာပင် ဘေးသို့လဲသွားပြီး အသက်ဆုံးရှုံးသွားလေသည်။
"မင်းတို့ဆက်ငိုနေမယ်ဆိုရင် သူမလိုပဲဖြစ်မယ်" ရင်ဇင်း ခြိမ်းခြောက် လေသည်။
ငိုနေသောမိန်းကလေးများသည် ကြောက်လန့်မှုကြောင့် ရပ်တန့်သွား ကြသည်။ သူတို့သည် ငိုရမည်ကိုပင်မေ့လျော့ကာ မငိုရဲတော့ပေ။
"ဟင်း ကောင်းတယ်" ရင်ဇင်းသည် အနီးဆုံးမိန်းကလေး၏ မျက်နှာကို ကိုင်လိုက်သည်။ ထို့နောက်တွင် သူသည် ဂူအတွင်းဆုံးသို့သွားကာ ထိုင်ပြီး စတင် တရားထိုင်လေသည်။
သူအခုလေးတင် အနှောင့်အယှက်ခံလိုက်ရသော်လည်း အားပိုတိုးလာ သည်။ သူသည် သန့်စင်ရဦးမည်။
ရှီမာယိယွမ်နှင့် ရှီမာချီချီတို့သည် ဘေးချင်းကပ်လျက်ရှိနေကြသည်။ သူတို့နှစ်ယောက်လုံး ငိုထားကြသည်။
"ယိယွမ် ငါတို့ဘာလုပ်ကြမလဲ" ရှီမာချီချီသည် မိန်းကလေးအလောင်း ကိုကြည့်ပြီး ရှီမာယိယွမ်အား ထိတ်လန့်စွာမှီလိုက်သည်။
"မကြောက်နဲ့ အဆင်ပြေသွားမှာပါ" ရှီမာယိယွမ်သည် သူမ လက်အား ပုတ်ပေးလိုက်သည်။ သူမ ကိုယ်တိုင်ပင် မယုံနိုင်သေးပေ။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7
SpiritualBook-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...