Zawgyi
အပိုင်း (၁၂၃၆) – ဖြတ်လမ်းတည်ဆောက်မှုထဲတွင် နေမကောင်းဖြစ် ခြင်း
ထိုညတွင် ရှီမာယူယူသည် ရှီချန်းကို သူမ ခြံဝန်းထဲတွင် စောင့်နေလိုက် သည်။
ရှီချန်းဝင်လာချိန်သည် ရှီမာယူယူ လက်ဖက်ရည်သောက်နေချိန်ဖြစ် သည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင် လတ်လတ်ဆတ်ဆတ်ဖျော်ထားသည့် လက်ဖက်ရည်ရှိနေသည်။
သူ အသိအမှတ်ပြု ပြုံးပြကာ သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး လက်ဖက်ရည် တစ်ငုံသောက်ပြီးသည်နှင့် ပြောလိုက်သည် "ဆရာ သတင်း တချို့ရလာတယ်"
"မင်းက ငါ့ကိုစိတ်မပျက်စေဘူးဆိုတာ သိတယ်" ရှီမာယူယူ ချီးကျူး လိုက်သည် "ဘာတွေသိလာလဲ"
"ဥက္ကဌကို သတ်တဲ့သူတွေက ဘယ်လိုဝတ်စားထားလဲဆိုတာ ရှောင်ယိ ပြောပြတယ်၊ အဲလူတွေက တိမ်ပင်လယ်မြို့ကလူတွေနဲ့ ဆက်စပ်တယ်ဆို တာ အတည်ပြုပြီးပြီ"
"အမှန်ပဲ သူတို့ပဲ" ရှီမာယူယူသည် မျက်စိစွေစောင်းကြည့်ကာ ပြော လိုက်သည် "သူတို့က တကယ်ပဲ ဘာအင်အားစုလဲ အသင်းတွေကို ဆက်တိုက်မွှေနေတာ၊ ဒါတွေရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိမယ်ဆိုတာ အမြဲတမ်းခံစားမိတယ်၊ ပြီးတော့ ဒီလျှို့ဝှက်ချက်ကလည်း တိုင်းပြည်တစ်ခု လုံးကို ခလောက်ဆန်စေမှာပဲ"
"ဒါဆိုရင် ဒီသတင်းကိုဆက်ပြီး စုံစမ်းလိုက်ရမလား" ရှီချန်းမေးလိုက် သည်။
"ငါတို့ ဒီအင်အားစုကို တည်ထောင်တာ မကြာသေးဘူး၊ အမှတ်တရ စားသောက်ဆိုင်ရှိပေမဲ့ သတင်းစုံစမ်းရေးက မလုံလောက်သေးဘူး အခုဆက် ရှာနေရင် အသုံးမဝင်ဘဲဖြစ်လိမ့်မယ်" ရှီမာယူယူ ဆက်ပြောလေသည် "ဒါပေမဲ့ နောက်ကို သတင်းစုံစမ်းရေးဖွဲ့စည်းမှုကို သေချာလုပ်ရတော့မယ်လို့ မင်း ငါ့ကိုသတိပေးလိုက်တာပဲ"
"အဲလိုလုပ်ရမှာပဲ" ရှီချန်း ဆက်ပြောလေသည် "တိုင်းပြည်မှာ အမြစ် တွယ်ချင်ရင် စီးပွားရေးနဲ့ အင်အားအပြင် သတင်းအချက်အလက်ကလည်း အရေးကြီးတယ်"
"အဲဒါကို အရင်က လျစ်လျူရှုမိကြတယ်" ရှီမာယူယူ ဆက်ပြောလေ သည် "အဲဒါကို ဆွေးနွေးဖို့ ဖန်အာနဲ့ တခြားသူတွေကို ဒီကိုလာခိုင်းလိုက်မယ်"
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7
SpiritualBook-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...