အပိုင်း (၁၁၅၁) - ဒိဝူအီ

2.4K 248 0
                                        

Zawgyi

အပိုင်း (၁၁၅၁) – ဒိဝူအီ

ရှီမာယူယူသည် တစ္ဆေမျိုးနွယ်၏ ကိစ္စများကို မေ့လျော့နေခဲ့သည်။ သူမ သိခဲ့လျှင်တောင် စိတ်ထဲထားမည်မဟုတ်ပေ။ တစ္ဆေမျိုးနွယ်ဖြစ်ရုံသာရှိကာ ထိုထက်မပိုပေ။ ငှက်ပေါက်စရှိလျှင် သူတို့သေရုံသာရှိသည်။

သူမသည် ဒိဝူအီကို ဝိညာဉ်စေတီသို့ခေါ်သွားပြီး ရှောင်ချီသည် သူ့ကို ပိတ်ထားလိုက်သည်။

ဝိညာဉ်စေတီအတွင်းတွင် ဝိညာဉ်လေးရှိသည်။ သူ သတ်သေချင်လျှင် တောင် လုပ်နိုင်မည်မဟုတ်ပေ။

ဒိဝူအီသည် ပတ်ဝန်းကျင်ပြောင်းလဲသွားခြင်းကြောင့် ကြောက်သွားရာမှ သတိပြန်ဝင်လာသည်။

ထိုအမျိုးသမီးသည် လုံးဝကိုကွာခြားသည်။

စဉ်းစားကြည့်ရာ သူမသာ သာမန်လူဆိုပါက တစ္ဆေမျိုးနွယ်မှ အင်အား ကြီးများကို ချေမှုန်းနိုင်ပါ့မလား။

"မင်း နာမည်ဘာခေါ်လဲ" ရှီမာယူယူသည် ခုံနှစ်ခုံထုတ်ပြီး ထိုင်ကာ သူမအား တအံ့တသြကြည့်နေသော ဒိဝူအီအား ကြည့်လိုက်သည်။ သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည် "မထိုင်ဘူးလား"

"မင်း ငါ့ကိုဘာလို့ဖမ်းတာလဲ" ဒိဝူအီ မေးလိုက်သည် "ငါ့ကိုဘာလို့ မသတ်လိုက်တာလဲ ငါက သူ့ကိုအရင်ကကူညီခဲ့လို့လား"

သူ မထိုင်သည်ကိုကြည့်ပြီး ရှီမာယူယူလည်း ဖိအားမပေးတော့ပေ။ သူ ပြောလိုက်သည့်စကားကိုကြားသောအခါ သူမ အံ့သြသွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည် "အဲဒါကအကြောင်းအရင်းဖြစ်မယ် လို့ထင်လို့လား"

ဒိဝူအီသည် ခေါင်းခါလိုက်သည် "မဟုတ်ဘူး"

"ဥာဏ်ကောင်းတယ်" ရှီမာယူယူ ဆက်ပြောလေသည် "မင်းကို ကိစ္စ တချို့မေးဖို့ ခေါ်လာတာ"

"ဘာကိစ္စလဲ" ဒိဝူအီသည် သူမ၏ ချင့်ချိန်နေသော မျက်နှာကိုမြင် သောအခါ စိတ်ထဲတွင်ပြင်ဆင်ပြီး ပြောလိုက်သည် "မင်းငါ့ကို ငါ့မျိုးနွယ်ကို သစ္စာဖောက်ခိုင်းမယ်ဆိုရင် မစဉ်းစားနဲ့တော့"

"မင်းမျိုးနွယ်ဟုတ်လား ငါက မင်းနာမည်တောင်မသိတာ ဘယ်လိုလုပ် မင်းမျိုးနွယ်ကို သစ္စာဖောက်ခိုင်းရမှာလဲ" ရှီမာယူယူ ငြင်းဆန်လိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7Onde histórias criam vida. Descubra agora