Zawgyi
အပိုင်း (၁၂၀၈) – သူတို့နှင့် ဆော့ကစားပေးခြင်း
ဝူလင်းယူသည် အံ့ဖွယ်အသိဥာဏ်စိတ်ကိုသုံးပြီး ပြောလိုက်တယ် "ဒီကို လာနေတဲ့ ယင်ကောင်တွေ တကယ်ရှိတာပဲ မင်းဒီမှာစောင့်နေ ကိုယ် မင်း အတွက် ယင်ကောင်သွားဖမ်းပေးမယ်"
"ကောင်းပါပြီ" ရှီမာယူယူ နေပိုကောင်းလာသော်လည်း အိပ်ယာပေါ်မှ မထချင်သေးပေ။
ခဏအကြာတွင် လူတစ်စုသည် သူတို့စခန်းချရာနေရာသို့ ရောက်လာ ကြသည်။
"စီနီယာအစ်ကိုကြီး ရှေ့မှာ စခန်းတစ်ခုရှိနေတယ်" တြိဂံစောက်ထိုးပုံ မျက်လုံးနှင့်လူသည် စခန်းကိုညွှန်ပြကာ ပြောလေသည်။
"ဒီကစခန်းက အရမ်းထူးဆန်းတယ် စီနီယာအစ်ကိုကြီး ဒါက တိုင်းပြည် ကလူတွေ ဆောက်ထားတဲ့ထောင်ချောက်ဖြစ်မလား" နောက်မိန်းကလေး တစ်ယောက် ပြောလေသည်။
စီနီယာအစ်ကိုကြီးဟု အမည်တပ်ခံရသော လူသည် သူတို့စခန်းကို ကြည့်ပြီး ညည်းညူစွာပြောလေသည် "အဲလူတွေက တိုင်းပြည်ထဲကလူတွေ ပဲ ဟင်း သူတို့က ပုရွက်ဆိတ်အုပ်တစ်အုပ်သာသာပဲရှိတာပါ ထောင်ချောက် ဆိုရင်တောင် သူတို့ထောင်ချောက်ကို ဖြိုဖို့အတွက် ငါတို့အားကို သုံးလို့ရ တယ်"
"ဟုတ်တယ် အဲတိုင်းပြည်ကလူတွေက တကယ်ကို အဆင့်မမှီဘူး ဒီနေရာကိုလာပြီး ငါတို့နဲ့လာပြီး အခွင့်အလမ်းကိုလုယူရဲနေတာ" နောက် နောက်လိုက်တစ်ယောက်က ပြောလေသည် "အဲဒီရတနာတွေက ငါတို့ပိုင် တာတွေပဲ ငါတို့အခွင့်အလမ်းကိုလုတဲ့ကောင်တွေ ပြန်ပေးဆပ်ရျွယ်"
"စခန်းမှာ ဘယ်သူရှိလဲသွားကြည့်ရအောင်" မိတ်ကပ်ထူထူနှင့် မိန်းကလေးသည် အမိန့်ပေးလေသည်။
"ဟုတ်ကဲ့ ဒုစီနီယာအစ်မ"
ဝူလင်းယူ အပြင်မှပြန်လာချိန်တွင် ထိုလူများသည် စခန်းအနီးသို့ ရောက်နေကြပြီဖြစ်သည်။
"ဝါး ချောလိုက်တဲ့ ကောင်လေးပဲ" ဒုစီနီယာအစ်မ၏ မျက်လုံးများသည် ဝူလင်းယူအားကြည့်ရင်း အရောင်တောက်နေလေသည်။
"ဒုစီနီယာအစ်မ သွားရည်တွေကျနေပြီ"
ဒုစီနီယာအစ်မသည် နှုတ်ခမ်းထောင့်ကိုသုတ်လိုက်သည်။ သွားရည်ကျ တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7
SpiritualBook-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...