အပိုင်း (၁၁၅၈) - ရှာတွေ့ခြင်း

2.2K 233 0
                                        

Zawgyi


"ထွက်သွားမယ်ဟုတ်လား" ရှီမာယိဖေး အော်လိုက်သည် "ငါ့ညီမလေး ကသူ့လက်ထဲမှာပဲရှိသေးတယ် ဒါပေမဲ့ မင်းက ထွက်သွားမယ်လို့ ပြောနေ တယ်"

ရှီမာဖေးအာသည် ရှီမာယိဖေးအား ကြည့်ပြီးပြောလိုက်သည် "ငါတို့ ထွက်မသွားရင် ငါတို့ကျဘယ်လိုဖြစ်မလဲ သူမနဲ့အတူ အကုန်လုံးကို လိုက် သေစေချင်လို့လား ဦးလေးတို့က ထွက်သွားခိုင်းတယ်ဆိုတာ မမေ့ပါနဲ့"

"အကုန်လုံးက မင်းအမှားတွေပဲ" ရှီမာယိဖေးသည် ရှီမာဖန်အာကို လက်ညှိုးထိုးပြီးအော်လေသည် "ငါတို့ကထွက်သွားချင်တာကို မင်းက နေဖို့ ခေါင်းမာနေတာလေ မင်းက တခြားသူတွေကိုလည်း အဖော်နေခိုင်းသေး တယ် မင်းကြောင့်သာမဟုတ်ရင် ဒီလိုအဖြစ်မျိုးဖြစ်မှာမဟုတ်ဘူး"

"အခုမှ ငါ့ကိုအပြစ်တင်နေရင် ဘာလုပ်မှာလဲ" ရှီမာဖေးအာသည်လည်း ပြန်အော်လေသည် "ငါတို့ဒီမှာ မိန်းကလေးတွေအများကြီးရှိသေးတယ် ငါတို့ လည်းအဖမ်းခံရပြီး စတေးလိုက်ရမှာလား"

"မင်းပုံစံနဲ့ ဘယ်သူကမင်းကိုလိုချင်မှာလဲ" ရှီမာယိဖေး ပြောလေသည်။

ရှီမာဖေးအာသည် သူ့စကားကြောင့် ဒေါသထွက်ကာ "မင်း အဲလောက် တတ်နိုင်ရင်လည်း ဒီမှာနေပြီး သူမကိုကယ်လိုက်ပေါ့ ငါတို့ကတော့ ဒီမှာ မနေဘူး"

"မင်း..." ရှီမာယိဖေးသည် သူမကို ရိုက်တော့မည်အပြုတွင် ဘေးတွင် ရှိနေသော ရှီမာရှင်းရှုံမှ တားလိုက်သည်။

"တော်ပြီ ယိဖေး အဲလူရဲ့ အားကဒီလောက်အားကောင်းနေတာ ဒီမှာ နေလည်း အသုံးမဝင်ဘူး" ရှီမာရှင်းရှုံ ဖျောင်းဖျလေသည် "ကြားရတာ နားခါး ပေမဲ့ သူမ ပြောတာမှန်တယ် ဒီမှာ မိန်းကလေးတွေအများကြီးရှိသေးတယ် နေမယ်ဆိုအန္တရာယ်များလိမ့်မယ်"

"ဟင်း" ရှီမာယိဖေးသည် သူ့လက်ကိုပြန်ချကာ ဘေးသို့လှည့်သွား သည်။

သူ့မျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး ရှီမာဖေးအာကြောင့် မျက်နှာ မှာ တင်းနေလေသည်။ အခုချိန်တွင် သူမသည် ထွက်ပြေးမည်ပြုပြီး တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးရန်ဆုံးဖြတ်ခဲ့သည်။ သူမသာ ပထမ သခင်မလေးသာမဟုတ်လျှက် သူမကို ရိုက်ပြီးနေပြီဖြစ်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7Where stories live. Discover now