Zawgyi
အပိုင်း (၁၂၅၆) – အသင်းက မဟာမိတ်လုပ်ချင်နေတယ်
"မင်းမှာ လက်ဖက်ခြောက်က ဒီလောက်အများကြီးရှိတာလား"
မှော်ဝင်လက်စွပ်အတွင်းကြည့်ပြီး တောင်လောက်ကြီးမားသော လက်ဖက်ရွက် အပုံလိုက်ကို မိုယွိသည် မကိုင်တွယ်နိုင်တော့ပေ။
လက်ဖက်ရွက်နည်းတယ်ဆိုပြီး လျော့သောက်ခိုင်းတဲ့ တစ်ယောက်က ဘယ်သူလဲ။
ရှီမာယူယူသည် သူမ နှာခေါင်းကိုပွတ်ကာ ချစ်စရာကောင်းအောင် ပြော လေသည် "ကျွန်မနဲ့ မရင်းနှီးတဲ့သူဆိုရင်တော့ လက်ဖက်ရွက်အများကြီးမရှိဘူး လို့ပြောရတာပေါ့ သူငယ်ချင်းတွေအတွက်တော့ များတယ်လေ"
မိုယွိသည် အပြုံးများပျောက်ဆုံးသွားသည်။ သူမသည် တွက်ချက်နေ တုန်းပင်။ သို့သော် သူမ၏အပြုအမူအရ သူ့ကိုလက်ခံသည်ကို သက်သေပြနေ သည်။ ဟုတ်သည်။
ရှီမာယူယူသည် ထပ်ပြီးမရှင်းပြပေ။ သူမသည် ပျဉ်ချပ်တစ်ခုထုတ်ကာ နဖူးတွင်ကပ်လိုက်သည်။ ခဏအကြာတွင် သူမ ပြောလိုက်သည် "ကျွန်မရဲ့ လက်ဖက်ရည်ကျိုတဲ့ ပညာတွေကို ဒီအထဲမှာထည့်ထားလိုက်ပြီ၊ အကုန်လုံးကို မှတ်တမ်းတင်ထားတယ် အခြေခံကတော့ ကိုယ့်ဘာသာ ကျိုဖို့လိုမယ်၊ ဒီလောက်များတဲ့ လက်ဖက်ရွက်တွေနဲ့ဆိုရင် နောက် ၁၀ နှစ်လောက်တော့ ကျိုသောကဖို့ လောက်မှာပါ"
"ကောင်းပြီလေ" မိုယွိသည် ပျဉ်ချပ်ကိုယူပြီး သူ့နဖူးတွင် တင်လိုက် သည်။ အသိပညာအားလုံးသည် သူ့ဦးနှောက်ထဲသို့ ချက်ချင်းဝင်သွားလေ သည်။
"ဘယ်တော့သွားမှာလဲ" ရှီမာယူယူ မေးလိုက်သည်။
"မင်းကို ပြန်ပို့ပေးပြီးတာနဲ့" မိုယွိ ပြောလေသည် "ပညာရှိစံအိမ်တော်နဲ့ ဝူမျိုးနွယ်က အခုထိထွက်မသွားသေးဘူးလို့ ငါတို့ ကျွင်းမျိုးနွယ်ဝင်တွေ သတင်းပို့လာတယ်၊ သူတို့က မြို့အပြင်မှာ မင်းကိုစောင့်နေကြတယ်၊ ငါမင်းကို ပြန်မပို့ရင် အဆင်ပြေပါ့မလား"
"မစိုးရိမ်ပါနဲ့" ရှီမာယူယူ ပြောလိုက်သည် "ဒါဆိုလည်း ပြန်ကြတာပေါ့"
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7
EspiritualBook-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...