အပိုင်း (၁၂၉၇) - အဘိုးနဲ့အဘွား

2.3K 228 0
                                        

Zawgyi


သူမ စကားလုံးများမှာ သဘောမကျခြင်းများပြည့်နှက်နေသော်လည်း သူမ မျက်နှာမှအမူအရာသည် အလွန်ပင် နူးညံ့နေသည်။

"မင်းရဲ့အနံ့လေးကို ကိုယ်ချစ်တယ်" ဝူလင်းယူသည် လုံးဝရှက်ရွံ့ခြင်းမရှိ ပေ။

"အစ်ကို့ရဲ့အပေါင်းအဖော်တွေသာ ဒီဟာကိုသိရင် နှစ်ပေါင်းထောင်ချီပြီး တည်ဆောက်လာတဲ့ အစ်ကို့ရဲ့ဂုဏ်သတင်းကတော့ ခဏလေးအတွင်းမျာ ပျက်စီးသွားမှာပဲ၊ ဪ အခုလေးတင်တည်ဆောက်လိုက်တဲ့ ဂုဏ်သတင်းက လည်း မီးတောက်ထဲမှာပျောက်ကွယ်သွားမှာပဲ"

ရှီမာယူယူသည် သူ့နဖူးအား လက်ဆန့်ကာ တောက်ပြီးစနောက်လိုက် သည်။

ဝူလင်းယူသည် မတ်မတ်ထိုင်ကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူသည် သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

ရှီမာယူယူသည် သူ ခြေထောက်ချိတ်ထားသည်ကို မြင်သောအခါ သက်တောင့်သက်သာပင် မှီလိုက်သည်။ သူသည် သူမကိုဖက်ပြီး ပခုံးပေါ်မှီစေ သည်။

"ယူယူ"

"ဟင်" ရှီမာယူယူသည် ခေတ္တမျှစောင့်နေလိုက်သည်။ သူ ဆက်မပြော သည်ကိုမြင်သောအခါ ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည် "ဘာလဲ"

"ဘာမှမဟုတ်တော့ဘူး"

"အစ်ကိုနဲ့မတူလိုက်တာ" ရှီမာယူယူသည် သူ့လက်ချောင်းများဖြင့် ကစားလေသည် "ညီမရဲ့အဘိုးအဘွားတွေကို စိတ်ပူတာလား မဟုတ်ရင် နောက်သွားမဲ့တစ္ဆေမြို့တော်ကို စိတ်ပူတာလား"

"ဖြစ်နိုင်ရင် မင်းကို တစ္ဆေမြို့တော်ကိုမသွားစေချင်ဘူး အဲဒီမှာအရမ်း အန္တရာယ်များတယ်" ဝူလင်းယူ ပြောလိုက်သည် "ဒါပေမဲ့ သွားဖို့ကို အခုတားဖို့ မဖြစ်နိုင်ဘူးဆိုတာ ကိုယ်သိပါတယ်"

ရှီမာယူယူသည် လှည့်ပြီးနောက် သူပခုံးများအပေါ်သို့ လက်နှစ်ဖက်တင် ပြီး ပြောလိုက်သည် "ညီမအရင်က ဘာကိုဘယ်လိုပဲ လုပ်ချင်ခဲ့လုပ်ချင်ခဲ့ စိတ်မပူခဲ့ဘူး ဒါပေမဲ့ အခုစိတ်ပူနေတယ် ဒီတစ်ခါကရော ဘာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 7Место, где живут истории. Откройте их для себя