Parte - Quattro

788 56 36
                                    

Unicode

~ခွပ်~

ရုတ်တရက် လူတွေကြားထဲ အနမ်းခံလိုက်ရလို့ထင် မိမိကို ဆောင့်တွန်းလိုက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလာတဲ့ ကိုကိုက အရင်တုန်းကလို အားပြင်းတုန်းပေ၊ ထို့အပြင်ဒေါသတွေ ထွက်နေတာများ နဂါးတစ်ကောင်လို၊ နားပါးပါးလေးတွေပါ ရဲလို့။ ခက်ထန်နေတဲ့ မျက်နှာချောချောဟာ ရုတ်ချည်းဆန်လှတဲ့ အခြေနေကို လုံးဝသဘောမကျမှန်း သိသာလွန်းလှသည်။ သေချာတာတော့ ပတ်ဝန်းကျင် အမြင်ကို တအား ဂရုစိုက်လွန်းတဲ့ ကိုကိုဟာ ဤအပြုအမူကြောင့် မိမိကိုစိတ်ဆိုးမှာ အမှန်...

"What is this!?"

"You fucking left me!!"

ခက်ထန်စွာ ထွက်လာတဲ့ ကိုကို့ဆီက လေသံက ဒေါသတွေ စွက်လို့၊ တင်းမာနေလွန်းတဲ့ မျက်နှာဟာ စိတ်ရှိတိုင်း လွှတ်ပေးရင် မိမိကို ဒီနေရာတင် သတ်သွားနိုင်သည်။ သို့သော် တစ်ဖက်မှာတော့ ပျော်တာ၊ ဝမ်းနည်းတာတွေထက် ငြင်းထုတ်နေပြီး ပြန်တွေ့တာတောင် အဓိပ္ပာယ်မရှိ လုပ်ရပ်တွေနဲ့ ရွေးချယ်မှုတွေကို လုပ်နေတဲ့ ကိုကို့ကြောင့် ဒေါသထွက်ရတာ သျှားပေ။ ထို့ကြောင့်လဲ ပြန်အော်ထုတ်မိတော့ တစ်ဖက်က ကိုကိုက ပိုအလိုမကျဟန်တွေ ပြလာရဲ့...

"လိုက်ခဲ့..."

"ငါ့လက်ကို လွှတ်!"

ဘာကြောင့်များ ငြင်းဆန်းနေရပါသလဲ... အကန်တွေချည်း ဖြစ်နေတဲ့ ဇိုင်းမိုအပြုမူတွေဟာ သျှားဒေါသစိတ်လေးကို တဖြည်းဖြည်း မီးမြှိုက်ပေးနေရဲ့။ ပွဲလယ်ခေါင်မှာ ပြဿနာ မဖြစ်စေချင်လို့ လက်ဆွဲခေါ်တော့ ရုန်းကန်နေတာ ဒေါသထွက်စရာ...

"မောင် အေးဆေးပြောနေတုန်း လိုက်ခဲ့... မဟုတ်ရင် အကုန်လုံးရှေ့ ကိုကို့ နှုတ်ခမ်းတွေ ပေါက်ထွက်သွားအောင် ကိုက်နမ်းပစ်မှာ!"

အဲကြိတ်သံမာမာနဲ့ ခြိမ်းခြောက်လိုက်လေတော့ အကြည့်လွှဲပြီး တွေ့လိုက်ရသည်ဟာ လက်သီး တင်းတင်း။ မျက်နှာထား မာမာနဲ့ အလိုမကျစွာ အပြင်ကိုပါလာတဲ့ ဇိုင်းမိုဟာ မကျေမနပ်ဖြစ်ရတဲ့ သျှားကို ပိုလို့သာ ယူကြုံးမရ ဖြစ်စေသည်။ ချစ်သူကိုတောင် ပြန်တွေ့လို့ မကြိုဆိုတဲ့အပြင် ကန်ထုတ်နေတဲ့ ကိုကို့ကြောင့် ဒေါသက တလိပ်လိပ်ရယ်။

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Wo Geschichten leben. Entdecke jetzt