Parte Quattordicesima

391 21 17
                                    

UNICODE

အခန်းတံခါး ဖွင့်လိုက်သည်နှင့် နှာခေါင်းထဲ ထောင်းခနဲ ဝင်လာသည့် သွေးပုတ်နံ့နဲ့အတူ မွန်ထူနေသည် ဆေးလိပ်နံ့ကြောင့် စောစောစီးစီး ပိုင်ရှင်းမှာ အလန့်တကြား...

~အဟွတ်... ဟွတ်~

ချောင်းဆိုးရင်း အခန်းထဲ ရောက်သည်နှင့် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ပိုင်ရှင်း ကြောင်အလျက်ပေါ့၊ ဆေးလိပ်ငွေ့တွေဟာ တစ်ခန်းလုံး ပြည့်နေပြီး ကုတင်ခြေရင်းနားက ဦးခေါင်းပျောက်နေသည့် ခန္ဓာကိုယ်တစ်ခုဟာလည်း သွေးအိုင်ထဲ ငြိမ်နေလို့။ sofa settee ကြီးမှာ ထိုင်ရင်း ဆေးလိပ်ဖွာနေတဲ့ အကိုကြီးဖြစ်သူကတော့ သွေးတွေ စွန်းနေသည့် bathrobe နဲ့သာ...

"အကိုကြီး ဘယ်လိုဖြစ်တာလဲ?"

"..."

"အကိုကြီး?"

တအံ့တသြနဲ့ မေးလာသည့် ပိုင်ရှင်းကို အဖြေပြန်မပေးဖြစ်တဲ့ သျှားဟာ အတွေးနယ်ချယ့်နေပုံ၊ မတုန့်ပြန်လာသေး... နောပ်တစ်ခေါက် ထပ်ကာခေါ်လေတော့မှသာ စီးကရက်လေးကို ဖန်ခွက်ထဲ ၂ ချက် လောက် ပြာခေါက်ချလိုက်ပြီး ထိုင်ရာမှထလာရင်း လက်ထဲ ထည့်ပေးလာတဲ့ ဘူးကြောင့် ပိုင်ရှင် ဘာများလည်းဆိုသည့် အကြည့်နဲ့ သျှားကို လှမ်းကြည့်လာတော့သည်။

"Antonio ကို ဒါပို့ပေး ပိုင်ရှင်း"

"ဘာကြီးလဲ..."

လက်ထဲရောက်လာသည့် ဘူးကြောင့် ဖွင့်ကြည့်မိလေတော့ ခုမှ ပြန်ရှာတွေ့သည့် ဦးခေါင်းဟာ မျက်လုံးတွေ စုံပွင့်နေရင်း ဘူးထဲ ကန့်လန့်၊ ထိုနည်းတူစွာ စာအိတ်လေးတစ်ခုပါ အတူပါလေသည်။ ခုမှ သတိထားမိသည့် အကိုကြီး၏ လက်တွေဟာလည်း သွေးခြောက်တွေနဲ့ ရဲစွန်းနေပြီး လည်းသည်းတွေပါ ညစ်နေလို့။

"ဘာကြောင့်လဲ ကျွန်တော်မေးလို့ရမလား အကိုကြီး?"

လူ့ခန္ဓာကိုယ် အပိုင်းအစတွေကို ပို့ပေးခြင်းဟာ အဖွဲ့စည်းတွေအနေနဲ့ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်ခြင်းဟူသော အဓိပ္ပာယ် ရမှန်းသိနေသည့် ပိုင်ရှင်းဟာ သျှား အဘယ်ကြောင့် Antonio ကို ပေးပို့ဖို့ ပြောလာမှန်း သိချင်သည့်အတွက် မေးလို့ပေါ့။ ထိုသည်ကြောင့်  ပြန်ရသည့် အဖြေဟာ ထိတ်လန့်စရာ...

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Onde histórias criam vida. Descubra agora