Unicode
တရွေ့ရွေ့သွားနေတဲ့ ကားကြီးဟာ လမ်းမကြီးအထက် တငြိမ့်ငြိမ့်ပေ... တိုးတိတ်နေတဲ့ ကားကြီးထဲ ရှေ့ခန်းက ခပ်ပြင်းပြင်းတိုက်နေတဲ့ အဲကွန်းထံမှ လေတိုးသံကလွဲ အပ်ကျသံ ကြားရလောက်သည်ထိ တိတ်နေခဲ့သည်။ သို့သော် နောက်ခန်းထဲက ဆေးလိပ်ငွေ့ အနံပြင်းပြင်းကတော့ ကားထဲ မဆိုရုံလှောင်စေလို့ ပိုင်ရှင်းခမျာ အဲကွန်းလေကို အတော်အသင့်ထိ တိုးယူထားရလို့ပေါ့။ အကိုကြီးက ဘာကိုမှ ဂရုမစိုက်နေဘူးလေ၊ သူ့ တစ်ယောက်ထဲသော PA လေး ပိုင်ရှင်း အသက်ရှူကျပ်ပြီး သေသွားရင်လည်း ငိုမဲ့ပုံမပေါ်ပါဘူး။
ညနေ ၇ နာရီမို့ထင် လမ်းမတမ်းဟာ လူငယ်တွေနဲ့ မဆိုရုံပြည့်ကျပ်နေလို့ ညဘက်ပွဲတန်းအချို့နဲ့ ခရီးသွားတွေကြောင့် လိုရာခရီး ဝေးနေသော်ငြား ပိုင်ရှင်း အရှိန်မတင်ရဲပေ။ ထိခိုက်ခဲ့ရင် တိုက်ခံရသူအတွက် ဆေးရုံစရိတ် မပေးနိုင်လိုက်ခင် အကိုကြီး စိတ်အဆင်မပြေမှုကြောင့် မိမိအရင် ကြွသွားနိုင်သည်။
၁၅ မိနစ်ကြာတဲ့ ခရီးလေးက ၁၄ မိနစ်နီးပါး ကြာနေသော်ငြား မရောက်နိုင်သေးပေ၊ ဒီနားနဲ့ ဒီနားကိုပဲ ကားပိတ်တာရော၊ လူများတာရော ပေါင်းရင်း အိပဲ့အိပဲ့နဲ့ ကြာနေတော့သည်။ ထို့ကြောင့်လည်း မျက်နှာရိပ် မျက်နှာကဲ ကြည့်ရင်း ပိုင်ရှင်း အသံမထွက်စေဘဲ ကားလေးသာ မောင်းနေရလို့၊ ကိုကြီးရဲ့ အဆင်မပြေနေပုံက မနက်က ကိစ္စကြောင့်ပင်။ အစရှာမရတဲ့ လုပ်ကြံသူကြောင့် ခေါင်းပူနေမှန်း သိပ်သိသာလို့... တစ်စုံတစ်ယောက်ကို ပြေးတွေးမိပေမဲ့ သက်သေက မရှိနေပြန်တော့ သျှားမှာ ပြဿနာ ရှာဖို့ကလည်း မလွယ်ဖြစ်နေပြန်။
"အကိုကြီး ရောက်ပြီ"
တွေဝေနေရင်းမှ ရှေ့က သတိပေးလာသည့် ပိုင်ရှင်းကြောင့် သျှား ပြတင်းပေါက်အပြင် လှမ်းကြည့်မိတော့သည်။ သိပ်ကို ထည်ဝါနေတဲ့ Hotel ကြီးနဲ့အတူ အသင့်တံခါးဖွင့်ပေးဖို့ စောင့်နေသူကြောင့် အချိန်ဆွဲမနေတော့ဘဲ လက်ချောင်းရှည်ကြားက ရဲနေတဲ့ ဆေးလိပ်တိုကိုပဲ ဘေးက လက်တင်ခုံအထက်က ဆေးလိပ်ခွက်ထဲသာ ဖိထိုးချေလိုက်ရင်း နက်တိုင်ကိုပြင်လိုက်ကာ ပိုင်ရှင်း အသင့်ဖွင့်ပေးလာတဲ့ ကားတံခါးနောက် အသာဆင်းလာလိုက်တော့သည်။
VOUS LISEZ
𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)
Roman d'amourUnicode ကြောင်ငယ်လေးက ဘယ်လောက်ပြေးပြေး အချိန်တန် သခင်ဆီ ပြန်ရောက်စမြဲပဲကိုကို... Start Date: 8th Aug 2022 ☁ End Date: ----------------------------------------------- Zawgyi ကြောင်ငယ်လေးက ဘယ်လောက်ပြေးပြေး အချိန်တန် သခင်ဆီ ပြန်ရောက်စမြဲပဲကိုကို... St...