Parte - Dieci

446 25 15
                                    

UNICODE

~ကျွီ~

“ခွန်းဇိုင်းမို! တစ်ညလုံး ဘယ်ရောက်နေတာလဲ? ဖုန်းလည်းမကိုင်ဘူး။ မင်းဆေးဘူးလည်း ကျန်ခဲ့... ဇိုင်းမို...”

Hotel တံခါး ဖွင့်သံကြောင့် အိပ်ခန်း sofa ပေါ်ထိုင်နေရာမှထကာ စိတ်ပူတကြီးနဲ့ အော်ဆူရင်း ထွက်လာမိတဲ့ ဘုန်းရှိန် စကားတွေက ​အဆုံးမသတ်နိုင်ခဲ့။ မြင်တွေ့လိုက်ရနဲ့ ဇိုင်းမိုပုံစံကြောင့် ဘုန်းရှိန် အမြန်ပြေးကာ အားနည်းပုံပေါက်နေတဲ့ ခန္ဓာကိုယ်ကြီးကို ထိန်းယူရတော့သည်။ ဖိုသီဖက်သီ ဖြစ်နေပုံက ခွန်းဇိုင်းမို မပီသပေ...

“ဖြည်းဖြည်း... ဖြည်းဖြည်း။ ဘယ်လိုဖြစ်လာတာလဲ? ဆေးဘူးမယူသွားလို့ ငါမင်းကို စိတ်ပူနေတာ။ လည်ပင်းမှာလည်း... ဇိုင်းမို မင်းညက...”

“... “

ထိုင်ခုံပေါ် အသာချပေးပြီး ခပ်ဆဆ ဆူနေရင်းမှ တွေ့လိုက်ရတဲ့ လည်ပင်းပေါ်က အနီကွက်အချို့ကြောင့် ဘုန်းရှိန် ထပ်အံ့သြရပြန်။ ၂ နှစ်ကျော်အတွင်း မည်သူနဲ့မှ အတူနေခဲ့ခြင်း မရှိသည့် ခွန်းဇိုင်းမိုဟာ မနေ့ညက တစ်စုံတစ်ယောက်နဲ့ အတူရှိခဲ့ပုံ။ ကြက်သွေးပုတ်ရောင် သမ်းနေတဲ့ အကွက်တွေရယ်၊ သွားရာ အကွင်းလိုက်တွေဟာ လည်ပင်းတွေရော ညှပ်ရိုးတွေမှာပါ ပွစာကြဲလို့။

“ထားပါတော့။ ရေသောက်မလား ငါ ရေတစ်ခွက် သွားယူလိုက်ဦးမယ်”

“ဘုန်းရှိန်...”

“... ဘာလဲ?”

ထထွက်ဖို့ ပြင်​တော့ တိုးတိုးခေါ်လိုက်သူကြောင့် ဘုန်းရှိန် ရေဘူးနားမရောက်လေဘဲ ထိုင်ခုံဘေးသာ မတ်တတ်ဖြစ်နေရပြန်။ ခေါ်ပြီးသော်ငြား မည်သည်တစ်ခွန်းမှ မပြောလာသူကြောင့် ဘုန်းရှိန် စိတ်လျော့ရင်းသာ ငြိမ်နေရ၏။ စိတ်နဲ့လူနဲ့ မကပ်နေတဲ့ ဇိုင်းမိုပုံစံဟာ အချိန်မရွေး ထပေါက်မဲ့ ဗုံးတစ်ခုလို။ မနေ့ညက သူရှိခဲ့သည့် နေရာကနေ ဒီအထိ မည်သည်မှမဖြစ်လေဘဲ ပြန်ရောက်လာတာကိုပဲ ဘုန်းရှိန် ကျေးဇူးတင်ရမည်။

“ဇိုင်းမို ဘာဖြစ်...”

“ငါ သူနဲ့ ပြန်တွေ့လာတယ်။”

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Unde poveștirile trăiesc. Descoperă acum