Parte - Otto

633 39 8
                                    

UNICODE

~ခွန်းဇိုင်းမို မင်းအခု လုပ်နေတာတွေကို တည်စက်သျှားမာန်က ခွင့်လွှတ်မယ် ထင်နေလား?~

မရိုးသွားနိုင်တဲ့ သတိပေးချက်တွေဟာ ထပ်ကာ ပေါ်ပေါက်လို့လာပြန်သည်။ အိပ်စက်ခြင်းကို နှောင်ယှက်နိုင်လွန်းသည့် မှတ်ဉာဏ် အပိုင်းအစတွေဟာ ဦးသူရသွင် သေဆုံးတဲ့နေ့ကစလို့ မမေ့ပျောက်ခဲ့ပေ။ ယခုလည်း ထိုနည်းတူစွာပေါ့...

~မင်းကို သိပ်ရွံရှာနေတော့မှာ သူ့ကျေးဇူးရှင်ကို မင်းသတ်နေတာလေ~

စိတ်ညစ်စရာ အမှောင်ထုကြီးကို ပြိုကွဲသွားသည့်နောက် မြင်တွေ့လိုက်ရတဲ့ ပတ်ဝန်းကျင်ဟာ တစ်ချိန်က ရင်းနှီးခဲ့သည့် နေရာအရပ်... မိမိရှေ့မှ ထိုင်ခုံပေါ် ကြိုးတုပ်ခံထားရသည်တောင် စကားတွေ မပြတ်ခဲ့တဲ့ ဦးသူရသွင်ဟာ ဇိုင်းမိုကို အပြုံးတွေနဲ့ သတိပေးသံတွေ ထပ်စေလို့။

~မင်းကို သေချာပေါက် မုန်းတီးရွံရှာသွားမှာ~

~မင်းကို သေချာပေါက် မုန်းတီးရွံရှာသွားမှာ~

~သေချာပေါက် မုန်းတီးရွံရှာသွားမှာ...~

"မဟုတ်ဘူး... သျှားက..."

မဖြစ်နိုင်မှန်း သိသော်ငြား ငြင်းဆိုမိသည့် စကားသံတွေ တိုးကျသွားကာ တိတ်ကျသွားသည့်အဆုံး ဇိုင်းမို ထိုအိမ်မက်ဆိုးကြီးမှ နိုးထနိုင်ရန်သာ မျက်ဝန်းတွေ အားအကုန်သုံးရင်းသာ ဖွင့်ဟလိုက်မိတော့သည်။

နိုးလာသည့်အခိုက် မောဟိုက်နေတဲ့ ရင်တစ်စုံဟာ နိမ့်ချေမြင့်ချေ၊ မြင်တွေ့လိုက်ရသည့် မျက်နှာကျက် ဖြူဖြူဟာ ပန်းကနုတ်တွေနဲ့ သိပ်လှပနေရဲ့... သို့သော် ဦးနှောက်ထဲ ပြန်ဝင်လာသည့် မှတ်ဉာဏ်တွေဟာ လွန်ခဲ့သည့် ၂ နှစ်ကျော်မှ စိတ်ပျက်စရာ မြင်ကွင်းတွေကို ပြန်အမှတ်ရစေလို့တော့ ခေါင်းအသာခါရင်းသာ ပယ်ဖျက်ရလို့ပေါ့။

"အာ့..."

ထထိုင်ဖို့ ပြင်လိုက်သည်နှင့် ထိုးကိုက်လာတဲ့ ခါးတစ်လျှောက်ကြောင့် အလန့်တကြား ဖြစ်ရတော့သည်။ ထိုချိန်မှသာ သတိထားမိသည့် ပတ်ဝန်းကျင် အခြေနေဟာ မိမိ hotel ခန်း လုံးဝ မဟုတ်နေသလို မရင်းနှီးနေသည့် အခြေနေကြောင့် ဇိုင်းမို ကြောင်အမိပါရဲ့။ ဘေးဘီလှည့်ကြည့်မိခိုက် တွေ့လိုက်ရသည့် သူကြောင့် ဇိုင်းမို တကယ့်ကို လန့်ဖြန့်မိသည်ထိ စိုးထိတ်မိတော့သည်။ သူဘာတွေ လုပ်မိပြီလဲ မသိပေ...

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Donde viven las historias. Descúbrelo ahora