Parte sedici

452 30 20
                                    

UNICODE

"မင်းတို့တွေ ဝင်စစ်ခံရတဲ့ထိ ဘယ်လိုဖြစ်လို့ စောက်သုံးမကျတွေ ဖြစ်နေကြတာလဲ!"

ဟိန်းခနဲထွက်လာတဲ့ ဒေါသသံဟာ casino hall ခန်းကြီးထဲ ကျယ်လောင်စွာ၊ မနက်မိုးမလင်းသေးခင် ဝင်လာသည့် ဖုန်းကြောင့် တည်စက်သျှားမာန်တစ်ယောက် အလောတကြီးနဲ့ကို Casino အထိရောက်လာရပြီး ဒေါသထွက်နေရတာပေ။ တစ်ခါမှ ပြဿနာ မတက်ဖူးသည့် မိမိအလုပ်မှာ ထူးထူးဆန်းဆန်း အစစ်ခံရတဲ့အပြင် ပိုအံ့သြရသည်ဟာ သတင်းအစအနတောင် အရင်မကြားလိုက်ရခြင်းသာ။ တစ်ခါမှ ဒီလိုအဖြစ် မရှိခဲ့ဖူးပေ...

"တောင်းပန်ပါတယ် အကိုကြီး။ တနေ့ညက အကုန်အဆင်ပြေပြေရှိနေပေမဲ့ ရုတ်တရက်ကြီး ဝင်ချလာတာမို့လို့ ကျွန်တော်တို့လဲ ပြင်ဆင်ချိန်မရလိုက်လို့ပါ"

~တောက်~

မိမိရှေ့မှ လက်နောက်ပစ်ထားရင်း တောင်းပန်စကားဆိုပြန်တဲ့ လက်အောက်ငယ်သားကြောင့် အားမလိုအားမရစိတ်နဲ့ ထွက်လာတဲ့ တောက်ခေါက်သံဟာ ရှေ့က အငယ်တွေကို တွန့်ခနဲဖြစ်သွားစေလို့ပေါ့။ ထိုသည်ကိုလည်းသိသည့် တာဝန်ရှိသူဖြစ်သည့် အကြီးဆုံး မန်နေဂျာဟာ ထိန်းထားနိုင်ကြောင်းနဲ့ တောင်းပန်စကားတိုးတိုးကို ဆိုလာ၏။

"ကျွန်တော်တို့ မနက်က Nelson ကို အကျိုးအကြောင်းလှမ်းပြောပြီး ထိန်းခိုင်းထားတာမို့ အဆင်ပြေသွားမှာပါ။ တောင်းပန်ပါတယ် အကိုကြီး"

"ထားလိုက်တော့။ အခု စစ်ချင်ကြတဲ့ ငွေ amount တွေကလွဲ ကျန်တဲ့ငွေတွေ အကုန် New Zeland ဘက်က ဘဏ်ထဲ ပြောင်းထား၊ ပြီးရင် အခြေနေကြည့်ပြီး Nelson ကို လိုသလောက် ပေးထားလိုက်။ Account တွေ အကုန် ငါ့ mail ပို့ပေး"

"ဟုတ်ကဲ့ အကိုကြီး"

ခုနက ဒေါသတကြီး ဖြစ်နေတာကြောင့်မသိပေမဲ့ မှာသင့်သည်တွေ မှာပြီး လှည့်ထွက်လာမိလေတော့မှ ခြေထောက်တွေ အနည်းငယ် ယိုင်ထိုးချင်နေမှန်း သျှား သတိထားမိ၏။ ဘယ်ကတည်းကမှန်း မသိ၊ စပ်ဖျင်းဖျင်းဖြစ်နေတဲ့ မျက်လုံးတွေကလည်း မှေးမှိတ်ပစ်ချင်စရာပါလေ။

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Where stories live. Discover now