Parte Diciassette

896 43 23
                                    

UNICODE

"တည်စက်သျှားမာန်!"

"ကိုကို... အနောက်မှာ!"

ဂိုလ်ထောင်ထဲက လွတ်လွတ်ချင်း ပြေးထွက်လာသည့် ဇိုင်းမိုဟာ သျှားကိုတွေ့သည့်နှင့် စိုးရိမ်တကြီး အော်ခေါ်လို့... ထိုသည်ကို သတိထားလိုက်မိသည့် သျှားဟာလည်း ဇိုင်းမိုရှိရာ ဘက်လှည့်ကာ ပြန်ဖြေမိပေမဲ့ အနောက်ဘက် တစ်နေရာမှာ ဘယ်ချိန်ထဲမှ ပုန်းနေမှန်း မသိတဲ့ Antonio ဟာ ဇိုင်းမိုဆံနွယ်အချို့ကို ဆွဲချလိုက်တာများ အကြမ်းပတမ်း။ ထို့ပြင် အရှိန်တစ်ခုကြောင့် နောက်ပြန်လန်ကျသွားသည့် ဇိုင်းမိုလည်ပင်းအထက် ဓားပါးရှည်ရှည်ကို ကန့်လန့်ကြီး ထောက်ယူလိုက်တဲ့ Antonio ကြောင့် ခပ်လှမ်းခှမ်းက သျှားမှာ မျက်ဝန်းတွေ ဝိုင်းစက်ကုန်တော့သည်။

~တောက်~

မိိမိကြောင့်နဲ့ ဓားစာခံ ဖြစ်နေရတဲ့ ကိုကို့ကိုကြည့်ရင်း သျှားဒေါသတွေဟာ ထိန်းမထားနိုင်အောင်၊ ဘယ်လိုတောင် နှိပ်စက်ထားလို့ လူဟာ စုတ်ပြတ်နေတဲ့ထိလဲ...

"Drop your weapon and kick it off, Mr. Shrr, You don't want your lovely boyfriend to get stabbed."
(မင်း ချစ်ရတဲ့ မင်းချစ်သူ ထိခိုက်တာ မမြင်ချင်ရင် လက်ထဲက သေနတ်ကို ပစ်ချပြီး ကန်ထုတ်လိုက် Mr Shrr.)

"Don't you dare hurt him, Antonio!"
(ယောင်လိုတောင် နာကျင်အောင်မလုပ်မိစေနဲ့ Antonio!)

~အ!~

သတိပေးရုံတင် မဟုတ်နေဘဲ ဇိုင်းမို လည်ပင်းအထက်ကို ဓားသွားနဲ့ ခပ်ပါးပါးဖြတ် ဆွဲလိုက်တဲ့ Antonio ကြောင့် စိမ့်ထွက်လာတဲ့ သွေးတွေကို သျှား မြင်လိုက်ရတော့သည်။ ထိုသည်က သျှားကို ပိုလို့တောင် သွေးပူစေပြီး ဒေါသတွေနဲ့ ကျန်ဆဲမိစေသည်ထိပေါ့။ သျှားဟာ ဖြစ်နိုင်မယ်ဆို Antonio ကို အရှင်လတ်လတ် မီးရှိ့မိချင်စိတ်တွေက တဖွားဖွားပါလေ။

"Ahh!! I'll fucking kill you Antonio. I'll rip you in pieces and burn you alive!!"
(အား! ခင်ဗျားကို သတ်ပစ်မယ် Antonio. ခင်ဗျားတို တစစီလုပ်ပစ်ပြီး မီးရှို့သတ်ပစ်မှာ!!)

သျှားဘက်က ဒေါသတွေနဲ့ ပြောနေပေမဲ့ တစ်ဖက် ပျက်ရယ်ပြုလာရင်း ဂရုမစိုက်တဲ့ Antonio ဟာ ဇိုင်းမိုလည်ပင်းပေါ်က ဓားပါးကို လွယ်လွယ်နဲ့ဖယ်ပေးဖို့တော့ မရှိပုံ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 16, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Donde viven las historias. Descúbrelo ahora