Parte Quindicesima

377 27 13
                                    

UNICODE

~ဒေါက် ဒေါက်~

"Who is... တည်စက်သျှားမာန်?"

တံခါးခေါက်သံကြောင့် ဇိုင်းမို sofa ကြီးပေါ် ထိုင်နေရာမှ ထကာ တံခါးဖွင့်မိလေတော့ မြင်တွေ့လိုက်ရတဲ့သူဟာ မထင်မှတ်ထားစွာ...

"မင်း... မင်း ဘယ်လိုလုပ် ရောက်လာတာလဲ?"

သွေးစတွေနဲ့ ပေရေနေတဲ့သူကို မြင်ရလေတော့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ရနဲ့ကြား ဇိုင်းမိုသိချင်သည့် အကြောင်းကိုသာ မေးမိ၏။ အခုထိ Antonio လက်အောက်က မလွတ်သေးသည့် ဇိုင်းမိုဟာ Antonio ပိုင်ဆိုင်သည့် Hotel ကြီးမှာသာ ရှိနေတုန်းပေ။ ထိုသည်ကို ၂ ယောက်သား မတည့်ပါရဲ့နဲ့ ဒီအထိ ရောက်လာတဲ့ တည်စက်သျှားမာန်ကို ဇိုင်းမို အံ့သြမိတာ အမှန်...

"မောင့်အခန်းက မနေ့က ကိစ္စတစ်ခုနဲ့ တော်တော် အခြေနေဆိုးသွားလို့ သွားစရာမရှိတာနဲ့ ကိုကို့ဆီ လာတာ။ မောင်ဝင်လို့ရမလား?"

ဘာကို အခြေနေဆိုးတာလည်း ဇိုင်းမို နားမလည်ပေမဲ့ အခန်းထဲ ဝင်ခွင့်တောင်းနေသည့် သူကိုကြည့်ကာ ဇိုင်းမို နှင်မထုတ်နိုင်ပြန်ပါလေ... ဘာဖြစ်လာလည်းမသိပေမဲ့ တစ်ဖက်က သျှားအင်္ကျီမှာ ပေနေသည့်သွေးကွက်တွေဟာ ကြက်သွေးရောင်တောင် ပြောင်းလို့နေပြီး ထိုဆီမှ အနံ့အသက်တွေဟာ နှာဖြားထဲကို သိသိသာသာ တိုးဝင်နေတော့ လွှတ်ထားမရတာကိုသာ ဇိုင်းမိုသိသည်။

"ကျေးဇူးပါကိုကို"

တံခါး ဘောင်လက်ထောက်ကာ ရပ်နေသူကို ဝင်လို့ရအောင် အသာလေးဖယ်ပေးတော့ ကျေနပ်စွာပြုံးရင်း ဝင်လာတဲ့ တည်စက်သျှားမာန်ဟာ ဘေးက ရှုပ်ပြီးဝင်လာပေမဲ့ သူ့ပေနေသည့် ခန္ဓာကိုယ်ကြီးနဲ့တော့ ဇိုင်းမိုကို လုံးဝအထိမခံခဲ့။ တံခါးပြန်ပိတ်ပြီး နောက်ကလိုက်မိတော့ ဧည့်ခန်းအလည် တည့်တည့်မှာ ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး အခန်းပတ်ဝန်းကျင်ကို ကြည့်နေတဲ့ သျှားပုံရိပ်က ၂ ယောက်သား တစ်ခန်းထဲ ရှိနေပြန်ပြီဆိုတဲ့ အတွေးနဲ့ ရင်တလှပ်လှပ်ဖြစ်စေတာ အမှန်ပင်။ အင်္ကျီဖြူဖြူကြီးပေမဲ့ ကျယ်ပြန့်နေတဲ့ ကျော်ပြင်ကျယ်ကြီးက အရင်ကထက်တောင် ပိုကြီးလာသလို...

𝕾𝖊𝖎 𝕸𝖎𝖔 [Season-2] (ONGOING)Donde viven las historias. Descúbrelo ahora