အပိုင်း-1

1.2K 61 10
                                    

#Uni

လူတိုင်းမှာ အချစ်ဦးဆိုတာတော့ ရှိခဲ့ကြတယ်မလား။ ကျွန်တော်မှာလည်းရှိခဲ့ပေမယ့်  ရုပ်ရှင်ထဲကလိုတော့ ရင်ခုန်ချင်စရာမကောင်းခဲ့သလို ပျော်စရာကောင်းလားဆိုပြန်တော့လည်း သူနဲ့တွေ့ဆုံရတာကိုက နာကျင်ဖို့သက်သက် ဖြစ်တည်လာတဲ့အခါ။

လူတိုင်းကတော့ အချစ်ဦးပုံပြင်ဆိုပြီး ဇာတ်လမ်းလေးတွေရှိခဲ့ကြသလို ကျွန်တော်မှာလည်း ခင်ဗျားတို့ကိုပြောပြဖို့အတွက် ပုံပြင်လေးတစ်ပုဒ် ရှိတယ်ဆိုရင်ရော။

"ဦးဦး....သားသားကိုပုံပြင်ပြောပြ ''

"ဟာ..မင်းကလည်း မရိုးသေးဘူးလားဟ...ဦးဦးကပုံပြင်ဆို မင်းနားထောင်နေကျ အဲ့တစ်ပုဒ်ပဲ သိတာ..''

"ဟာ...ဒါဆိုလည်း သားသားကိုအဲ့တာ ပြန်ပြောပြနော်...နော်လို့ဦးဦး ''

လက်မောင်းကအင်္ကျီစလေးကို ကိုင်ရင်း ပူဆာနေတဲ့ ချစ်စရာကလေးလေးကို စိုက်ကြည့်ရင်း။

"အင်းပါ...ငြိမ်ငြိမ်ထိုင် ''

"ဟုတ် ''

"ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါးရှိသတဲ့...သူဟာ သူ့သူငယ်ချင်းရှိတဲ့ တိုင်းပြည်ကိုသွားလည်ရင်း...''

ပုံပြင်...ပုံပြင်ဆိုတာ အတိတ်ကအမှတ်တရတချို့ကို မမေ့နိုင်တာကြောင့် အခုထိနောက်လူတွေပြန်နားထောင်လို့ရအောင် ပြောကြတာမျိုး တဲ့။

ငါတို့ရဲ့ပုံပြင်လေးကိုလည်း ငါကတော့ မသေမချင်းပြောပြဖြစ်မယ် ထင်ပါရဲ့ကွာ။ ဒါပေမယ့် အတိတ်ဟာအတိတ်ပါပဲလေ။ ဘယ်တော့မှ အနာဂတ်မဖြစ်နိုင်ဘူးဆိုတာကိုတော့ ငါလည်းသိပေမယ့်လို့။

+++++++++++++++++++++

"Jhope သူက ငါ့ညီလေးလေ...အခုကစပြီး သူကမင်းညီပဲနော် ''

အတိတ်ကိုသာပြန်သွားလို့ရရင် ငါမင်းကိုမတွေ့ချင်ဘူး။ မဟုတ်သေးပါဘူး...ငါမင်းနဲ့ပဲဆုံချင်ပြန်ရော။ မြတ်နိုးခဲ့သလောက် လိုချင်တယ်။ မင်းကို သိပ်နှစ်သက်တဲ့အပြင် ငါတို့တွေ့ဆုံခဲ့ရတာ ကံကြမ္မာလို့ သတ်မှတ်လို့ရတယ်မလားဟင်။

"ငါ့ညီက မင်းကိုတော်တော်ခင်သားပဲကွ...''

အစကတည်းကသာ ညီလေးတစ်ယောက်လို သဘောထားနိုင်ခဲ့ရင် ကောင်းသား။ အစကတည်းကသာ မင်းနဲ့ခပ်စိမ်းစိမ်းနေခဲ့မိရင်ကောင်းသား။ အစကတည်းကသာ မင်းကိုမချစ်ခဲ့ဘူးဆိုရင်...မင်းကိုမချစ်မိခဲ့ဘူးဆိုရင်။

အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်Where stories live. Discover now