#Uni
ငါမင်းတို့အိမ်လာတိုင်း အရင်ကဆိုငါ့အနားလာကပ်ပြီး Gameတူတူဆော့ပေးဖို့ ပူဆာနေတတ်တဲ့ မင်း။ အခုတော့ ငါ့အရိပ် ငါ့အသံ ငါဆိုတာကို အဝေးကနေမြင်ရင်တောင် အိမ်အပေါ်ထပ် အမြန်တက်သွားတဲ့မင်းကို ငါမမြင်သလို ဟန်ဆောင်နေရတယ်။
"မဟုတ်ပါဘူး...သူ ငါ့ကိုရှောင်နေတာမဟုတ်ဘူး...သူ သူ....သူအပေါ်မှာ လုပ်စရာတစ်ခုခုရှိလို့နေမှာ ''
အဲ့လိုမျိုး ငါ့ကိုယ်ငါနှစ်သိမ့်ခဲ့ရတာပါကွာ။ သြော် ချစ်ရတာမလွယ်ပါလားနော်။
"ဟားးးးး ''
"hopeလေးရယ်...ကလေးအဖြစ်ကလည်းရယ်စရာကြီး...သားငယ်ကအဲ့လောက်တောင် တာလေးအပေါ် သွေးအေးတာလား ''
"အင်း ပြောရရင် ရယ်ရအခက်ငိုရအခက်...သူဖုန်းစသုံးတုန်းက ငါ့ကိုလာအပ်လို့ပြောတာကို အကိုအပ်ပါလားတဲ့...''
"....''
"အပ်ထားတော့လည်း လက်မခံဘူး... ဒီတိုင်းfollowerဘဝနဲ့နေတဲ့လေ...''
"ဟာ..သားငယ်လွန်တာပေါ့...''
"ဒါတင်မကသေးဘူး...ပြောလိုက်ရရင်မကောင်းဘူးရယ်...သူ့ကောင်မလေးနဲ့ရန်ဖြစ်တုန်းက ကျွန်တော်ပဲ သူတို့ကိုပြေလည်အောင်လုပ်ပေးရတာ...''
"....''
"အန်တီသားက အရမ်းချေတာဗျ... စာပို့ထားရင်လည်းမဖတ်ဘူး...ကျွန်တော် ၁၀စောင် အစောင်၂၀အများကြီးပို့တောင်seenပဲပြတာ ''
"....''
"နောက် အန်တီသားက တကယ်အသည်းမာတာနော်... သူ့ကိုကျွန်တော်စိတ်ဝင်စားနေတာကို အစကတည်းကသိတယ်''
"...''
"သူမသိသလို ဟန်ဆောင်ခဲ့တာ...ဒါတောင် လေ သူ့ကောင်မလေးနဲ့ပြေလည်အောင် ကျွန်တော်ကိုလုပ်ခိုင်းရက်တယ် ''
ပြောလိုက်တော့ sugaတို့အမေက စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ လာကြည့်တာကိုခံလိုက်ရရော။
"အဲ့တော့ သွားမေးမိတယ်...ဘာလို့လုပ်ရက်တာလဲ ငါမင်းကိုချစ်တာ မင်းသိရက်နဲ့ ဘာလို့လုပ်ရက်တာလဲလို့ ''
"အဲ့တော့ သားငယ်က ဘာပြောလဲ...''
"ဘာမှမပြောဘူး စာတောင်ဝင်မဖတ်ဘူးလေ...''
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်