#Uni
"ငါ့မှာ သားတစ်ယောက်အပိုရလိုက်သလိုပဲကွာ...အားပိုဖြစ်တာပေါ့ဟ ''
လို့ မင်းအဖေပြောသံကိုကြားရင် တကယ်အားနာလာမိတယ်။ ကိုယ်ကသူတို့သားကိုကြိုက်နေတဲ့အပြင် သူတို့အိမ်မှာပါ ကပ်နေရတာမလား။
သူတို့ရှာတာကိုစားနေပြီး အလကားနေနေရတာမျိုးတော့ အဖြစ်မခံနိုင်ပေ။ စာတွေပိုလုပ်ခဲ့ရတာပေါ့ကွာ။ ကျောင်းပြီးတော့လည်း အလုပ်ချက်ချင်းဝင်လိုက်တာကြောင့်။
"သား hopeလေးရယ်...သားရှာတာကို သားသုံးစမ်းပါကွယ် ''
"...''
"အခုလို အလုပ်လုပ်နေတာကိုတောင် ခိုင်းစားနေပြီလို့ သူများတွေကပြောချင်နေကြတာ ''
"သား hopeဆီက လစာတွေကိုပါယူလိုက်ရင် မင်းအမေနဲ့ဒီအဖေကိုလေ...လူတွေကလာရိုက်နေပါအုံးမယ်ကွာ ''
မင်းမိဘတွေက စနောက်ပြီးပြောပေမယ့်လည်း ရလာတဲ့လစာထဲကနေ တစ်လတစ်ခါတော့မုန့်တွေဝယ်ပြီး ပို့ပေးဖြစ်တယ်။ နှစ်တွေပြောင်းလာသလို လူဆိုတာလည်းပြောင်းလဲတတ်တဲ့ သဘောရှိသတဲ့။
ဒီနှစ်တွေအတွင်း မိဘအရင်းဆီကနေ စွန့်ပစ်ခြင်းကိုခံရတာက တစ်ကြောင်း။ ကိုယ်ချစ်တဲ့သူက ကိုယ့်အားမုန်းနေတာကို သိခဲ့ရတာကတကြောင်း။ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်ဒဏ်တွေကို အလူးအလဲခံခဲ့ရတာကြောင့် ခံစားချက်မရှိတော့တဲ့ လူတစ်ယောက်ပုံစံဟန်ဆောင်နေခဲ့တယ်။
ကိုယ့်ကိုချစ်တယ်လို့ပြောလာတဲ့ ယောကျားလေးတွေနဲ့ တွဲခဲ့မိတယ်။ ဘာလို့လဲဆို မင်းမုန်းတဲ့gayဘဝနဲ့ ဘဝတလျှောက်လုံးနေပြမယ်ဆိုပြီး မင်းကိုပြောခဲ့တဲ့ စကားကြောင့်။
အန်တီက မင်းအကြောင်းပြောတာမျိုးပဲဖြစ်ဖြစ်။ sugaတို့ minhoတို့က စကားစမိပြီး မင်းသတင်းကိုပြောတယ်ဆိုတာနှင့်ပင် ခါးခါးသီးသီးမပြောဖို့ ဟန့်တားလိုက်ရင်း အဝေးကိုထွက်သွားတတ်တာက အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီ။
အမှန်က မခံစားနိုင်လို့ပါ။ အမှန်ပြောရရင် အခုထိတစ်နေ့ကလေးမှ မင်းကိုမမေ့နိုင်ခဲ့ဘူး။ ချစ်ခဲ့တာကအပေါ်ယံမှ မဟုတ်တာကွာ။
YOU ARE READING
အချစ်ဦးမို့ မမုန်းရက်ပါ...သို့သော်